Asia
ဖိလစ်ပိုင်နိုင်ငံ Batangas ပြည်နယ်တွင် အင်အား ၅.၅ အဆင့်ရှိသော ငလျင်လှုပ်ခတ်

မနီလာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းရှိ Batangas ပြည်နယ်တွင် ပြင်းအား ၅.၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မီးတောင်ပညာနှင့် ငလျင်ပညာ အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။
Phivolcs အဆိုအရ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ း ၂၅ နာရီအချိန်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မနီးလာမြို့တောင်ဘက် Batangas ပြည်နယ် Nasugbo မြို့၏ အနောက်တောင်ဘက် ၂၅ ကီလိုမီတာခန့်အကွာ မြေအောက်အနက် ၁၂၃ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်အား ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့အတွင်း ခံစားခဲ့ရသည်ဟု ဆိုသည်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုသတင်းများ မရရှိသေးကြောင်း၊ ငလျင်မှ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သည်ဟု အဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)