Connect with us

Asia

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်အားဖမ်းဆီး

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အား ယနေ့ဇူလိုင် ၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုသည်။

မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(MACC) ၏ ထုတ်ပြန်ချက်တစ်ခုထဲတွင် နိုင်ငံပိုင်ရံပုံငွေ 1MDB ကိစ္စတစ်ခုနှင့်ဆက်နွယ်ပြီး ဝန်ကြီးချုပ်ဟောင်းအား ၎င်း၏ ကိုယ်ပိုင် နေအိမ်၌ ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ၃၅ မိနစ်တွင် ဖမ်းဆီးလိုက်ကြောင်း ဖော်ပြထားသည်။

နာဂျစ်အနေဖြင့် ဇူလိုင် ၄ ရက်တွင် ကွာလာလမ်ပူတရားရုံး၌ တရားစွဲဆိုခံရမည်ဖြစ်ကြောင်းလည်း MACC က ဆိုသည်။ ပြီးခဲ့သော မေလတွင်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိုမ့်ပြီး ရာထူးလက်မဲ့ဖြစ်ခဲ့သော နာဂျစ်သည် 1MDB ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုမျိုးစုံခံနေရပြီး ၎င်းအနေဖြင့် ငွေကြေးပမာဏအမြောက်အမြားကို အလွဲသုံးစားပြုထားကြောင်း စွပ်စွဲခံထားရသည်။

နာဂျစ်သည် မလေးရှားရင်းဂစ်ငွေ ၄၂ သန်း ( အမေရိကန်ဒေါ်လာ ၁ဝ.၃၈ သန်း) ကို ၎င်း၏ကိုယ်ပိုင်ဘဏ်စာရင်းထဲ ထည့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ MACC ဌာနချုပ်တွင် စစ်ဆေးမှု နှစ်ကြိမ်ခံယူခဲ့ရပြီဖြစ်သည်။

၎င်းမိသားစုနှင့်ပတ်သက်ဆက်နွယ်သည့် နေရာပေါင်းများစွာလည်း ဝင်ရောက်စီးနင်းခံခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.