Asia
BRICS နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများ ဖွံ့ဖြိုးရန် မျှော်လင့်ကြောင်း ပူတင် ပြောကြား
မော်စကို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် BRICS နှင့် ပူးပေါင်းဆောင်ရွက်မှု မျက်နှာစာအား တန်ဖိုးမြင့်မြင့်ထားရှိပြီး မျှတသော နိုင်ငံစုံ လွန်ဆွဲမှု ကမ္ဘာကြီး တစ်ခုနှင့် အားလုံးအတွက် ဖွံ့ဖြိုးမှု ညီညွတ်သော အခြေအနေများ ဖန်တီးသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်တွင် ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်၌ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောသည်။
တရုတ်နိုင်ငံ ရှမိန်မြို့တွင် စက်တင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ ပြုလုပ်မည့် နဝမအကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအတွက် ရေးသားလိုက်သော အဆိုပါ ဆောင်းပါးတွင် ယခုနှစ်အတွက် ဥက္ကဋ္ဌ တာဝန်ယူထားသော တရုတ်နိုင်ငံ၏ အရေးပါသော ဆောင်ရွက်ချက်အား ပူတင်က ကျေးဇူးတင်ကြောင်း၊ BRICS နိုင်ငံများအား နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အပါအဝင် မိတ်ဖက် ဆက်ဆံရေး စသော အဓိက နယ်ပယ်များ၌ အုပ်စု တစ်စုအနေဖြင့် ရှေ့ဆက်သွားခွင့် ပြုလိုက်ခြင်းလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။
BRICS ဆိုသည်မှာ ပေါ်ထွန်းစ ဈေးကွက်စီးပွားရေး နိုင်ငံများဖြစ်သော ဘရာဇီး (Brazil) ၊ ရုရှား(Russia) ၊ အိန္ဒိယ (India) ၊ တရုတ် (China) နှင့် တောင်အာဖရိက (South Africa) စသည့် နိုင်ငံအမည်များ၏ ရှေ့စာလုံး အတိုကောက်အား ကောက်ယူထားခြင်း ဖြစ်သည်။ မူလက “BRIC” ဟူ၍ နိုင်ငံ လေးနိုင်ငံသာ ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တောင်အာဖရိက ပါဝင်လာခဲ့သည်။ ၂၀၀၉ ခုနှစ်စ၍ BRICS နိုင်ငံများက နှစ်စဉ် ပုံမှန် ထိပ်သီးအစည်းအဝေးများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ (Xinhua)