Connect with us

Asia

အိန္ဒိယ နိုင်ငံ ပုဂ္ဂလိက လုပ်ငန်း မှ ပထမ ဦးဆုံး အကြိမ် တည်ဆောက်ပေးခဲ့သည့် GPS ဂြိုလ်တု ပစ်လွှတ်မှု မအောင်မြင်

GPS ဂြိုလ်တု IRNSS-1H သယ်ဆောင်ထားသည့် ဒုံးကျည် ကို ပစ်လွှတ် ခဲ့စဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အာကာသ သုတေသန အဖွဲ့အစည်း အတွက် အိန္ဒိယ နိုင်ငံ အရပ်ဘက် ဌာန တစ်ခု က ပထမ ဦးဆုံး အကြိမ် တည်ဆောက်ပေးခဲ့သည့် GPS ဂြိုလ်တု IRNSS-1H ကို သြဂုတ်လ ၃၁ ရက်နေ့၌ ပစ်လွှတ်ခဲ့ရာ အောင်မြင်မှု မရရှိခဲ့ကြောင်း ဒုံးကျည် ပစ်လွှတ်ခဲ့သည့် နေတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့ ဒေသစံတော်ချိန် ၁၉ နာရီ တွင် အိန္ဒိယ နိုင်ငံ အာကာသ သုတေသန ဌာန တည်ရှိရာ အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း Andhra ပြည်နယ် ရှိ Satish Dhawan အာကာသ စင်တာ မှ GPS ဂြိုလ်တု IRNSS-1H ကို ပစ်လွှတ်ခဲ့ပြီးနောက်တွင် အိန္ဒိယ နိုင်ငံ အာကာသ သုတေသန အဖွဲ့အစည်း က မအောင်မြင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဂြိုလ်တု ကို ပစ်လွှတ်ပြီးနောက် မိနစ် ၃၀ ခန့်အကြာ တွင် ဂြိုလ်တု အပူကာကွယ်ရေး ပစ္စည်းများ သည် ဂြိုလ်တု မှ ခွဲထွက် နိုင်ခဲ့ခြင်း မရှိသောကြောင့် ပစ်လွှတ်မှု မအောင်မြင် ခဲ့ကြောင်း သိရှိခဲ့ရသည်။

အိန္ဒိယ နိုင်ငံ အာကာသ သုတေသန အဖွဲ့အစည်း ဥက္ကဋ္ဌ က မီဒီယာ များကို ပြောကြားရာတွင် ဂြိုလ်တု မှ သတ်မှတ်ထားသည့် ဂြိုလ်ပတ်လမ်းကြောင်း သို့ရောက်ရှိချိန်၌ အပူကာကွယ်ရေး ပစ္စည်းများ ဂြိုလ်တု မှ ခွဲထွက် နိုင်ခဲ့ခြင်းမရှိဘဲ ဂြိုလ်တု သည် အပူကာကွယ်ရေး ပစ္စည်းများဖြင့် ဖုံးအုပ်နေသောကြောင့် ယခု ဒုံးကျည် ပစ်လွှတ်မှု အောင်မြင်ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ သတင်းဖော်ပြချက်အရ ယခုအကြိမ် ပစ်လွှတ် ခဲ့သည့် GPS ဂြိုလ်တု IRNSS-1H သည် အလေးချိန်အားဖြင့် ၁၄၂၅ ကီလိုဂရမ် ရှိပြီး Alpha Design Technologies ကုမ္ပဏီ မှ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကာ ချို့ယွင်းမှု ဖြစ်ပွားနေသည့် GPS ဂြိုလ်တု ကို အစားထိုးရန် စီစဉ်ထားကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.