Connect with us

Asia

တောင်ကိုရီးယား နိုင်ငံထုတ် Chip ဝယ်လိုအား လျော့ကျမှုကြောင့် ပို့ကုန် ပမာဏ ဖေဖော်ဝါရီလတွင် ၁၁.၇ ရာခိုင်နှုန်း ကျဆင်း

တောင်ကိုရီးယား နိုင်ငံမှ ကုန်တင် သဘောင်္ တစ်စင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မတ် ၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယား နိုင်ငံ၏ ပို့ကုန် ကဏ္ဍတွင် ပြည်တွင်းထုတ် semiconductor အား ဝယ်လိုအား လျော့ကျ မှုကြောင့် ဖေဖော်ဝါရီလတွင် ပို့ကုန် တန်ဖိုး ပမာဏ ဆယ်ဂဏန်း လျော့ကျခဲ့ကြောင်း ယနေ့ ထုတ်ပြန်သော အစိုးရ အစီရင်ခံစာ အရ သိရသည်။

နိုင်ငံစီးပွားရေး၏ ထက်ဝက်ခန့်ရှိသော ပို့ကုန် ပမာဏသည် ယခုနှစ်အတွင်း ဖေဖော်ဝါရီလ အထိ ၁၁.၇ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၉.၅၆ ဘီလီယံ အထိ လျော့ကျသွားခဲ့ကြောင်း ကုန်သွယ်ရေး ၊ စက်မှု နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန် ပမာဏသည် ၁၂.၆ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် ဒေါ်လာ ၃၆.၄၇ ဘီလီယံ အထိ လျော့ကျ ခဲ့ရာ ဖေဖော်ဝါရီလ အတွင်း ကုန်သွယ်မှု ပိုငွေကို ၃.၀၉ ဘီလီယံ အထိ ဖြစ်လာစေခဲ့သည်။ ကုန်သွယ်ရေး တွင် လိုငွေပြနေသည်မှာတစ်ဆက်တည်း ၈၅ လ ကြာမြင့်ပြီ ဖြစ်သော်လည်း ဖေဖော်ဝါရီလ၏ ကုန်သွယ်မှု ပိုငွေသည် ၂၀၁၈ ခုနှစ် အတွင်း လစဉ် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၅.၉ ဘီလီယံ အောက်တွင် နေရာယူထားကြောင်း သိရသည်။

ပြည်တွင်းထုတ် chip အတွက် ဝယ်လိုအား လျော့ကျမှုမှစ၍ ပို့ကုန် ပမာဏ ဆယ်ဂဏန်း လျော့ကျ ရပ်တည်ခဲ့ရကြောင်း ၊ ပြီးခဲ့သည့် နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၎င်းကုန်ပစ္စည်းအား ပြည်ပ ပို့ဆောင်မှုမှာ ၂၄.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား နိုင်ငံ၏ အဓိက ပို့ကုန် ပစ္စည်း ဖြစ်သော DRAM memory chip အတွက် ဈေးနှုန်းသည် ဖေဖော်ဝါရီလတွင် ၃၆.၈ ရာခိုင်နှုန်း ထိုးကျသွားခဲ့သည် နှင့် အတူ NAND flash memory chip ဈေးနှုန်းသည် ၂၅.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

သို့သော်လည်း ကုန်သွယ်မှုတွင် နေစဉ် ပျမ်းမျှအားဖြင့် ဇန်နဝါရီလတွင် အမေရိကန် ဒေါ်လာ ၁.၉၃ ဘီလီယံ ရှိရာမှ ဖေဖော်ဝါရီလတွင် အမေရိကန် ဒေါ်လာ ၂.၀၈ ဘီလီယံ တိုးတက် ရရှိခဲ့ကြောင်း သိရသည်။(Xinhua)