Connect with us

Asia

ဖမ်းမိအိန္ဒိယ လေသူရဲအားပါကစ္စတန်မှပြန်လွှတ်ပေး

ပါကစ္စတန်မှပြန်လည်လွှတ်ပေးခဲ့သော အိန္ဒိယလေယာဉ်မှူး အက်ဘီ် နန်ဒန် ဗာသာမန် အားဝါဒါနယ်စပ်ဖြတ်ကျော်စခန်း၌တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလမ်မာဘတ်၊ နယူးဒေလီ၊ မတ် ၂ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံမှဖမ်းဆီးမိထားသော အိန္ဒိယလေယာဉ်မှူးတစ်ဦးအား ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ လာဟိုမြို့အနီး ဝါဒါနယ်စပ်ဖြတ်ကျော်စခန်းမှတစ်ဆင့် မတ်လ ၁ ရက်ညက အိန္ဒိယနိုင်ငံသို့ပြန်လွှတ် ပေးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။လိုအပ်သောလွှဲပြောင်းရေးလုပ် ငန်းစဉ်များအားလုံးဆောင်ရွက်အပြီးတွင် ပါကစ္စတန်အာဏာပိုင်များက အိန္ဒိယလေယာဉ်မှူး အက်ဘီ် နန်ဒန် ဗာသာမန်(Abhinandan Varthaman) အားအိန္ဒိယအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်သောကြေညာချက်တစ်ရပ်တွင်အိန္ဒိယလေယာဉ်မှူး အက်ဘီ် နန်ဒန် ဗာသာမန်သည်၎င်း၏ မစ်-၂၁ တိုက်လေယာဉ်နှင့် ပါကစ္စတန်ထိန်းချုပ်ကက်ရှမီးယား ပြည်နယ်အတွင်းပါကစ္စတန်လေပိုင်နက်ကို ဖေဖော်ဝါရီလ ၂၇ ရက်ကကျူးကျော်ဝင်ရောက်ခဲ့စဉ်လေ ယာဉ်အားပစ်ချခံရကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းဖေါ်ပြခဲ့သည်။

၎င်းအားဖမ်းဆီးထားစဉ်အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီပြုစုစောင့်ရှောက်ခဲ့ကြောင်းလည်းကြေညာ ချက်တွင်ဖေါ်ပြထားသည်။အိန္ဒိယဘက်မှလည်း ဖမ်းဆီးခံရသောလေယာဉ်မှူးပြန်လည်လွှဲပြောင်းပေး မှုအားမှန်ကန်ကြောင်း မတ်လ ၁ ရက်ကအတည်ပြုခဲ့သည်။

အိန္ဒိယလေယာဉ်မှူးအားပြန်လွှတ်ပေးပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာမာမွတ်ကူရီရှီ က အိန္ဒိယလေယာဉ်မှူးအား မည်သည့်တောင်းဆိုပြောကြားချက်မှမပြုဘဲယခုကဲ့သို့ပြန်လွှတ်ပေးခဲ့ခြင်း က ပါကစ္စတန်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကိုမြတ်နိုးသော အိမ်နီးချင်းကောင်းတစ်ဦးဖြစ်သည်ကိုဖေါ် ပြခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

ထို့ပြင် ကူရီရှီ က “ကျွန်တော်တို့အနေနဲ့ ခုလိုဆောင်ရွက်ခဲ့မှုအတွက် အိန္ဒိယအနေနဲ့လည်း ကျွန်တော် တို့ရဲ့ငြိမ်းချမ်းရေးလိုလားတဲ့အားထုတ်မှုကို အလားတူတုံ့ပြန်မယ်လို့မျှော်လင့်ပါတယ်။ အိန္ဒိယနိုင်ငံအ တွင်း မှာလည်းငြိမ်းချမ်းရေးမြတ်နိုးတဲ့ပြည်သူတွေအများကြီးရှိပါတယ်။သူတို့တွေကကျွန်တော်တို့နဲ့ ငြိမ်းချမ်းရေးရရှိရန်အခွင့်အရေးကိုပူပေါင်းဆောင်ရွက်မယ်လို့မျှော်လင့်ထားပါတယ်” ဟုပြောကြားခဲ့ သည်။(Xinhua)