Asia
ကမ္ဘောဒီးယားနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အားဖြည့်ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံအစိုးရက ကပ်ရောဂါတိုက်ဖျက်ရေး ပညာရှင်အဖွဲ့စေလွှတ်

ပေကျင်း၊ မတ် ၂၃ ရက်(ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၏COVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံအစိုးရက ကပ်ရောဂါတိုက်ဖျက်ရေး ပညာရှင်အဖွဲ့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ပညာရှင်အဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်ကဖွဲ့စည်း၍ ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးကော်မရှင်မှ ရွေးချယ်ကာ ယနေ့ မတ် ၂၃ ရက်တွင် စေလွှတ်ထားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)