Asia
ဗီယက်နမ်နိုင်ငံသည် ဗြိတိန်နိုင်ငံမှ COVID-19 ကာကွယ်ဆေး သန်း ၃၀ ရရှိမည်ဟုဆို
ဟနွိုင်၊ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ်
ဗီယက်နမ်နိုင်ငံသည် ဗြိတိန်နိုင်ငံ AstraZeneca ကုမ္ပဏီမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး အလုံးပေါင်း သန်း ၃၀ ဝယ်ယူရန် အမှာစာတစ်ခုကို ပေးပို့ထားပြီးဖြစ်ကြောင်း နှင့် နောက်ထပ်လည်း အခြားသော အရင်းအမြစ်များမှ ကိုဗစ်ကာကွယ်ဆေးများကို ထပ်မံ ဝယ်ယူသွားရန် ကြိုးပမ်းလျက်ရှိကြောင်း ဗီယက်နမ်ကျန်းမာရေးအရာရှိကြီးတစ်ဦးက ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။
“ လူ ၁၅ သန်းစာ ကာကွယ်ဆေး အသေအချာရရှိမယ့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးပြီးပါပြီ ၊ ဆေးအလုံးပေါင်း သန်း ၃၀ နဲ့ညီမျှတာပေါ့ ” ဟု ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Truong Quoc Cuong ၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဗီယက်နမ်အာဏာပိုင်များက တရုတ် ၊ ရုရှား နှင့် အမေရိကန်နိုင်ငံများအပါအဝင် အခြားသော ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ ကုမ္ပဏီများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း Cuong က ဆိုသည်။
ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နှင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ဆေး ရရှိရေးမိတ်ဖက်အဖွဲ့အစည်းများက ပူးတွဲ – ဦးဆောင်ဦးရွက်ပြု၍ နိုင်ငံတကာဆေးဝါးထုတ်လုပ်ရေးအစီအစဉ်ဖြစ်သော COVAX မှထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများကိုလည်းဝယ်ယူသွားရန် မျှော်လင့်ထားကြောင်း အဆိုပါ ကျန်းမာရေးအရာရှိကြီး က ဆက်လက် ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လလယ်ပိုင်းက ဗီယက်နမ်နိုင်ငံသည် ၎င်း၏ ပထမဆုံး ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို စေတနာ့ဝန်ထမ်းများဖြင့် စမ်းသပ်မှုအဆင့်များ စတင်ပြုလုပ်ခဲ့ပြီး ယင်းကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် မေလတွင် အများပြည်သူအား ထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံတွင် ယနေ့ ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာစုစုပေါင်း ၁,၄၉၄ ဦးရှိခဲ့ပြီး ယင်းတို့အနက် သေဆုံးသူ ၃၅ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ (Xinhua)
————————–
(English Version)
Vietnam to acquire 30 mln COVID-19 vaccine doses from Britain
HANOI, Jan. 4 (Xinhua) — Vietnam has placed an order to buy some 30 million doses of COVID-19 vaccine made by the British company AstraZeneca, a Vietnamese health official said on Monday, while also seeking to purchase vaccines from other sources.
“We have signed an agreement to guarantee the vaccine for 15 million people, which is equivalent to some 30 million doses,” Vietnamese Deputy Minister of Health Truong Quoc Cuong was quoted by Vietnam News Agency as saying at a press briefing on Monday.
Local authorities are also negotiating with other vaccine suppliers including those from China, Russia and the United States, according to Cuong.
Vietnam also expects to purchase COVID-19 vaccines from the COVAX Facility, an international initiative co-led by the World Health Organization and partners to ensure equitable global access to vaccines, said the health official.
In mid-December last year, Vietnam started trials of its first homemade COVID-19 vaccine on volunteers, expecting to apply it among the public in May 2021.
As of Monday morning, the country has reported a total of 1,494 cases of COVID-19 infection with 35 deaths from the disease so far, according to its Ministry of Health. Enditem
Traffic police provide water for candidates of the High School Graduation Exam in the Vietnamese capital city of Hanoi on Aug. 9, 2020.