Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကျောက်မီးသွေးတွင်းတစ်ခုတွင် တိုက်ခိုက်ခံရမှုဖြစ်ပွား၊ လူ(၁၁) ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် မြို့တော်Quettaတွင် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူ၏ ရုပ်အလောင်းများကို သယ်ဆောင်သွားသည့် အရေးပေါ်လူနာတင်ယာဉ်အား ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမာဘတ်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် Bolan ဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ဇန်နဝါရီ ၂ ရက် ညပိုင်းက အမည်မသိ လက်နက်ကိုင်များ၏ ဝင်ရောက် တိုက်ခိုက်မှု ခံခဲ့ရရာ လက်ရှိတွင် သေဆုံးသူ(၁၁)ဦးရှိပြီ ဖြစ်ကြောင်း ပါကစ္စတန်အရာရှိတစ်ဦးက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

အမည်မသိ လက်နက်ကိုင်များက ဇန်နဝါရီ ၂ ရက် ညပိုင်းတွင် Bolanဒေသ ကျောက်မီးသွေးတွင်းတစ်ခုကို ဝင်ရောက်ပြီး အလုပ်သမား (၁၁) ဦးကို သတ်ဖြတ်ခဲ့ကြောင်း Liaquat Shahwaniက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် မြို့တော်Quetta တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများ၏ဈာပနတွင် လိုက်လံပို့ဆောင်ကြသူများအား ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် မြို့တော်Quetta တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသူများ၏ဈာပနတွင် လိုက်လံပို့ဆောင်ကြသူများအား ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုမတိုင်မီ ပါကစ္စတန်မီဒီယာများက အဆိုပါကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲဖြစ်ပွားခဲ့ကြောင့် လူ(၁၁) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကမျှ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။  (Xinhua)
——————————————-
(Chinese Version)
(国际)巴基斯坦一煤矿遇袭致11人死亡
2021-01-03 18:14:15

新华社伊斯兰堡1月3日电(记者唐斌辉)巴基斯坦官员3日说,巴基斯坦西南部俾路支省博兰地区一座煤矿2日晚遭不明身份武装分子袭击,目前已造成11人死亡。
俾路支省政府发言人利雅卡特•沙赫瓦尼告诉新华社记者,不明身份的武装分子2日晚袭击了博兰地区一座煤矿,并杀害了11名煤矿工人。
  此前有巴基斯坦媒体报道,这座煤矿发生爆炸,造成11人死亡。
  目前袭击事件正在调查中。尚无任何组织或个人宣称制造了此次袭击。(完)
图说1:1月3日,在巴基斯坦西南部俾路支省首府奎达,运送煤矿遇袭罹难者遗体的救护车从路上驶过。 新华社发(阿萨德摄)
图说(2-3):1月3日,在巴基斯坦西南部俾路支省首府奎达,人们参加煤矿遇袭罹难者葬礼。新华社发(阿萨德摄)