Asia
ပါကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းစတင်
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
ပါကစ္စတန်နိုင်ငံတွင် ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံမှ လှူဒါန်းထားသော COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းကို ဖေဖော်ဝါရီ ၂ ရက်၌ စတင်ပြုလုပ်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီမှ ကာကွယ်ဆေး ပထမအသုတ်သည် ပါကစ္စတန် လေတပ် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ ပါကစ္စတန်နိုင်ငံသို့ ဖေဖော်ဝါရီ ၁ ရက် အစောပိုင်းက ရောက်ရှိလာခဲ့သည်။
ဝန်ကြီးချုပ်အိမ်တွင် ပြုလုပ်သော ပထမဆုံး ကာကွယ်ဆေးထိုးနှံသည့်ကမ်ပိန်းစတင်မှုကို ကြီးကြပ်နေသူ ခန်းက ပါကစ္စတန်နိုင်ငံကို ကာကွယ်ဆေးလှူဒါန်းသည့်အတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများကို COVID-19 လူနာများကို ရှေ့တန်းမှကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံးထိုးနှံပေးသွားမည်ဖြစ်ပြီး ယင်းနောက် ရောဂါကူးစက်နိုင်ခြေများသော သက်ကြီးရွယ်အိုများကို ထိုးနှံပေးမည်ဖြစ်ကာ နိုင်ငံအတွင်းရှိ ပြည်နယ်များအားလုံးသို့ မျှတစွာ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ပြည်သူများအနေဖြင့် လုပ်ထုံးလုပ်နည်း စံနှုန်းများကို ထိန်းသိမ်းရန်၊ ရောဂါပျံ့နှံ့မှုကို ရှောင်ရှားနိုင်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရန်နှင့် ပါကစ္စတန်နိုင်ငံ၏ လူမှု-စီးပွားရေးလုပ်ဆောင်မှုများ ပြန်လည်စတင်ရာတွင် ကူညီရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ စီးပွားရေးက ကပ်ရောဂါဖြစ်ပွားနေသော်ငြားလည်း လည်ပတ်နေပါတယ်။ ဝန်ဆောင်မှုကဏ္ဍကတော့ လျှော့ချပြီးဖြစ်ပါတယ်။ သတိပေးချက်ကို လိုက်နာကျင့်သုံးမယ်ဆိုရင် ကျန်ရှိတဲ့ ကဏ္ဍတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။ပါကစ္စတန်နိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားစဉ်ကတည်းက ရောဂါအတည်ပြုလူနာ ၅၄၇,၀၀၀ ဦးရှိပြီး သေဆုံးသူ ၁၁,၇၄၆ ဦးရှိကြောင်း အစိုးရ၏ နောက်ဆုံးရအချက်အလက်များအရ သိရသည်။ (Xinhua)
———————————————-
(English Version)
Pakistan kicks off COVID-19 inoculations with Chinese vaccines
ISLAMABAD, Feb. 2 (Xinhua) — Pakistan’s Prime Minister Imran Khan launched COVID-19 vaccination drive with China-donated vaccines on Tuesday as part of the country’s efforts to bring the pandemic under control.
The first batch of the Sinopharm vaccines reached Pakistan early Monday from Beijing on a special Pakistan Air Force plane.
Khan, who oversaw the start of the vaccination campaign with the first jab administered to a doctor at the Prime Minister’s House, thanked China for donating the vaccine to Pakistan.
The vaccines will be first administered to frontline healthcare workers working with COVID-19 patients, followed by the elderly in the high-risk age group, said the prime minister, adding that the vaccines will be fairly distributed among all the provinces of the country.
He also urged the public to keep following standard operating procedures, wear a mask to avoid the spread of the disease and help Pakistan resume its socio-economic activities.
“Our economy is running despite the pandemic and it is the service sector that has been curtailed. If you exercise caution, then all remaining sectors will be reopened,” the prime minister said.
Pakistan has so far confirmed over 547,000 cases, while 11,746 people have lost their lives to the disease since the COVID-19 outbreak in the country, according to the latest government data. Enditem
Photo released by Pakistan’s Press Information Department (PID) shows a doctor receiving a shot of COVID-19 vaccine in Islamabad, capital of Pakistan, Feb. 2, 2021. Pakistan’s Prime Minister Imran Khan launched COVID-19 vaccination drive with China-donated vaccines on Tuesday as part of the country’s efforts to bring the pandemic under control. (PID/Handout via Xinhua)