Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် မီရာပီမီးတောင် ပြင်းထန်စွာ ပေါက်ကွဲ ၊ မီးတောင်မှ မှုတ်ထုတ်သည့် ပြာမှုန်များ (၃)ကီလိုမီတာအမြင့်ထိ ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အလယ်ပိုင်းရှိ မီရာပီမီးတောင်သည် ဇန်နဝါရီ ၂၇ ရက်တွင် ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ယင်းနေ့တွင် ပြောကြားခဲ့သည်။

မီရာပီ မီးတောင်သည် ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယခုအခါ မီးတောင်အပေါက်ဝတွင် ချော်ရည်များ အဆက်မပြတ် လျှံထွက်လာသလို မီးတောင်မှ ပြာမှုန်များ မှုတ်ထုတ်လျက်ရှိကြောင်း အင်ဒို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရသူ Raditya Jatiက ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည် ။ ဇန်နဝါရီ ၂၇ ရက် ၀၀:၀၀ နာရီမှာ ၁၄:၀၀ နာရီအထိ မီးတောင် မှုတ်ထုတ်မှု (၃၆)ကြိမ်ဖြစ်ပွားရာ မှုတ်ထုတ်လာသည့် ပြာမှုန်များသည် လေနှင့်အတူ အနောက်တောင်အရပ်ကို လွင့်မျောသွားကြောင်း ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင်မှမှုတ်ထုတ်သော ပြာမှုန်မီးခိုးများအား ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင်မှမှုတ်ထုတ်သော ပြာမှုန်မီးခိုးများအား ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးတောင်ပြာမှုန်များသည် မိုးရွာသည့်အသွင် တောင်အနီးဝန်ကျင်မြို့နယ်များပေါ်သို့ ကျရောက်နေရာ ဒေသခံများအနေဖြင့် တတ်နိုင်သမျှ နေအိမ်အတွင်းသာ နေသင့်ကြောင်း ၊ တစ်ချိန်တည်းတွင် ရေတွင်းနှင့်ရေအရင်းအမြစ်များ မီးတောင်ပြာမှုန်ကြောင့် ညစ်ညမ်းမှုမဖြစ်ပွားအောင် ကာကွယ်သင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ မီရာပီမီးတောင်၏ သတိပေးအဆင့်သည် ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်သည် အဆင့်(၃) သို့ ရောက်ရှိနေပြီး မီးတောင်ဝ (၅) ကီလိုမီတာ ပတ်လည်နေရာများကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မီရာပီ မီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၂,၉၆၈)မီတာတွင် ရှိရာ အင်ဒိုနီးရှားနိုင်ငံ၏ လှုပ်ရှားမှုအများဆုံး မီးတောင်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က ယင်းမီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း (၃၀၀)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)
—————————
(Chinese Version)
(国际)印尼默拉皮火山剧烈喷发 火山灰柱高达3千米
2021-01-28 00:15:19
 新华社雅加达1月27日电(郑世波)印度尼西亚国家抗灾署27日说,印尼爪哇岛中部的默拉皮火山当天剧烈喷发,喷出的火山灰柱最高约3千米,目前尚无人员伤亡和财产损失报告。
 国家抗灾署发言人拉迪提亚•贾迪在一份声明中说,默拉皮火山自1月初开始喷发,目前已进入溢流式喷发阶段,不断有熔岩从火山口涌出,并伴随大量火山灰柱。从27日零时至14时,该火山共喷发了36次,喷出的火山灰随风向西南方向飘散。
  声明说,大量火山灰将飘落在火山周围城镇形成“火山灰雨”,当地百姓应尽量待在家里,同时采取措施保护好水井和水源不受火山灰污染。
 声明还说,目前默拉皮火山的警戒级别为第三级,仅次于最高级别,距离火山口5公里的周围地区被定为禁区。
  默拉皮火山海拔2968米,是印尼最活跃的火山之一。这座火山最近一次猛烈喷发是在2010年,造成300多人死亡。(完)

图说(1-5)新华社照片,雅加达,2021年1月26日
(新华视界)(6)印尼默拉皮火山继续喷发
这是1月26日在印度尼西亚日惹拍摄的喷发的默拉皮火山。
图说(6,7)(210127) — YOGYAKARTA, Jan. 27, 2021 (Xinhua) — Mount Merapi spews volcanic materials in Yogyakarta, Indonesia, Jan. 27, 2021. (Photo by Supriyanto/Xinhua)