Connect with us

Asia

ဂျပန်နိုင်ငံက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန် COVID-19 အရေးပေါ်ကာလ သက်တမ်းတိုး

ဂျပန်နိုင်ငံတိုကျိုမြို့ရှိ လမ်းများပေါ်တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေကြသူများကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဂျပန်နိုင်ငံဝန်ကြီးချုပ်ယိုရှီဟိုင်ဒီဆုဂါ(Yoshihide Suga)က COVID-19 ကပ်ရောဂါထိန်းချုပ်ရန်အတွက် မတ်လ ၇ ရက်နေ့အထိ နိုင်ငံတော်အရေးပေါ်အခြေအနေကို နောက်ထပ်တစ်လသက်တမ်းတိုးရန် ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက် ဒေသစံတော်ချိန် ည ၈ နာရီ ၂၀ မိနစ်အထိ ဂျပန်နိုင်ငံတွင် ကူးစက်မှုအသစ် ၂,၃၂၄ ဦးတွေ့ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၉၄,၇၉၉ ဦး နှင့် သေဆုံးသူ ၅,၉၆၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံတိုကျိုမြို့ရှိ လမ်းများပေါ်တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေကြသူများကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံတိုကျိုမြို့ရှိ လမ်းများပေါ်တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေကြသူများကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံတိုကျိုမြို့ရှိ လမ်းများပေါ်တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေကြသူများကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံတိုကျိုမြို့ရှိ လမ်းများပေါ်တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေကြသူများကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ဖေဖော်ဝါရီ ၂ ရက်တွင် တိုကျိုမြို့တော်၌ ကူးစက်မှုအသစ် ၅၅၆ ဦးရှိခဲ့ကြောင်း နှင့် ယင်းမှာ ၅ ရက်ဆက်တိုက် မြို့တော်အတွင်း အတည်ပြုလူနာ ၁,၀၀၀ အောက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း တိုကျိုမြို့တော်အစိုးရက ထုတ်ပြန်ခဲ့သည်။(Xinhua)

———————————————-
(English Version)

Japan extends COVID-19 emergency period as battle to contain virus continues
TOKYO, Feb. 3 (Xinhua) — Japanese Prime Minister Yoshihide Suga on Tuesday extended the state of emergency over the COVID-19 pandemic in struggling regions for one month to March 7.
With 2,324 new infections reported nationwide as of 8:20 p.m. local time on Tuesday, bringing the nation’s cumulative total of cases to 394,799 and death toll to 5,965 people.
The Tokyo metropolitan government, meanwhile, reported 556 new infections on Tuesday, with the number of new daily cases marking the fifth straight day that infections have dipped below the 1,000-mark.
People wearing face masks walk on a street in Tokyo, Japan, Feb. 2, 2021. (Xinhua/Du Xiaoyi)