Connect with us

Asia

ဗီဇာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ Cyberspace ဆိုင်ရာ သဘောတူညီချက်များ အိန္ဒိယနှင့် ကာတာ လက်မှတ်ရေးထိုး

အိန္ဒိယနှင့် ကာတာနိုင်ငံ ဝန်ကြီးချုပ်များ ရှေ့မှောက်၌ နှစ်နိုင်ငံ သဘောတူစာချုပ်များ လဲလှယ်နေကြစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနှင့် ကာတာနိုင်ငံတို့သည် ဗီဇာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ Cyberspace စသည် အဓိကကျသည့် နယ်ပယ် လေးခု၌ ပူးပေါင်းလုပ်ဆောင်ကြရန် သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်မျာအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ကာတာနိုင်ငံ ဝန်ကြီးချုပ် ရှိတ် အဗ္ဗဒူလ်လာ ဘင် နတ်ဆာ ဘင် ခါလီဖာ အယ်လ် သန်နီ တို့က အိန္ဒိယနိုင်ငံ မြို့တော်၌ ဒီဇင်ဘာလ ၃ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ဗီဇာဆိုင်ရာ သဘောတူညီချက်၌ နှစ်နိုင်ငံ သံတမန်များ၊ အထူးနှင့် အစိုးရဝန်ထမ်း ပတ်စပို့ ကိုင်ဆောင်ထားသူများအား ဗီဇာ ကင်းလွတ်ခွင့်ပေးခြင်း၊ Cyberspace သဘောတူညီချက်တွင်မူ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်က လက်မှတ်ရေးထိုးထားခဲ့သည့် လုံခြုံရေးဆိုင်ရာ နယ်ပယ်က ရှိနှင့်ပြီးသား မူဘောင် သဘောတူညီချက်အား ဖြည့်စွက်ခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။အိန္ဒိယနှင့် ကာတာနိုင်ငံတို့သည် ရင်းနှီး ချစ်ခင်သည့် ဆက်ဆံရေးများ ရှိခဲ့သလို ကာတာနိုင်ငံသည် အိန္ဒိယအတွက် အရေးပါသော ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.