Connect with us

Asia

ဂျပန်နိုင်ငံ ရှိ ဆေးရုံ အတွင်း တက္ကစီတစ်စီး အရှိန်လွန်ဝင်ရောက်လာမှုကြောင့် ၂ဦးသေ၊ ၇ဦးဒဏ်ရာရရှိ

ဂျပန်နိုင်ငံ ဖူကူအိုကာ မြို့ရှိ တက္ကစီတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဒီဇင်ဘာ ၄ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာ မြို့တွင် ဒီဇင်ဘာ ၃ရက်က ဆေးရုံတစ်ခုအတွင်းသို့ တက္ကစီကားတစ်စီး အရှိန်လွန်ဝင်ရောက်လာမှုကြောင့် လူနှစ်ဦးသေဆုံးပြီး အနည်းဆုံးလူ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တက္ကစီသည် ခရီးသည်တင်ဆောင်လာခြင်းမရှိဘဲ ဆေးရုံဝင်ပေါက်အနီးရှိ မှန်အား အရှိန်ဖြင့်ဝင်တိုက်မိပြီးနောက် ဆေးရုံအတွင်းရှိ လူများအားထပ်မံတိုက်ခဲ့ကြောင်း သိရသည်။အသက် ၆၄နှစ်အရွယ်ရှိ ကားမောင်းသမား အား အခင်းဖြစ်ပွားရာ၌ပင် ဖမ်းဆီးခဲ့ပြီး ၎င်းက တက္ကစီအား ရပ်တန့်ရန်ကြိုးစားခဲ့သော်လည်း မော်တော်ယာဉ်၏ ဘရိတ်စနစ်များအလုပ်မလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။တက္ကစီ ဝင်ရောက်တိုက်ခဲ့သည့် ဆေးရုံသည် ဖူကူအိုကာမြို့လယ်တွင် တည်ရှိပြီး ခုတင် ၃၅၉ခုတင်ဆံ့ ကြောင်း သိရသည်။ (Xinhua)