Connect with us

Asia

တောင်ကိုရီးယားက ပြုံချန်း ၂၀၁၈ ဆောင်းရာသီ အိုလံပစ် အတွက် ဘာသာပြန် အပလီကေးရှင်း “Genie Talk”

တောင်ကိုရီးယားနိုင်ငံ၏ ဘာသာပြန် အပလီကေးရှင်း “Genie Talk” အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ပြုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲများ အတွက် ဘာသာပြန် အပလီကေးရှင်း ရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“Genie Talk” အမည်ရှိ အပလီကေးရှင်း သည် ကိုးရီးယားဘာသာ မှ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာ၊ တရုတ်ဘာသာ၊ စပိန်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ရုရှားဘာသာ နှင့် အာရေဗျဘာသာများသို့ ဘာသာ ပြန်ဆိုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပလီကေးရှင်း အား ၂၀၁၂ ခုနှစ်တွင် ရေးဆွဲ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အခြားဘာသာစကားများ ကိုလည်း ထပ်မံ ထည့်သွင်းထားကြောင်း သိရသည်။
အပလီကေးရှင်း ရေးဆွဲသူများက “Genie Talk” သည် ကိုရီးယား စကားလုံး ၂၇၀,၀၀၀ နှင့် အင်္ဂလိပ် စကားလုံး ၆၅,၀၀၀ ကို ဘာသာပြန်နိုင်စွမ်း ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.