Connect with us

Asia

စင်ကာပူ နှင့် မလေးရှား နှစ်နိုင်ငံ ချိတ်ဆက် အမြန်ရထား လမ်းဖောက်လုပ်ရန် နားလည်မှု စာချွန်လွှာရေးထိုး

မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ် နှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံးတို့အား သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံ တို့သည် အချိန်ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသည့် နှစ်နိုင်ငံ ချိတ်ဆက် ရထားလမ်း ဖောက်လုပ်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာအား ဇူလိုင်လ ၁၉ ရက် က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှု စာချွန်လွှာအား မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ် နှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံး တို့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် စီမံကိန်း ဆောင်ရွက်ရန် ပထမဆုံး ကြေညာခဲ့ပြီးနောက် ယခုလို လက်မှတ်ရေးထိုးနိုင်ခြင်းသည့် သိသာထင်ရှားသည့် မှတ်ကျောက်တိုင် တစ်ခုဖြစ်ကြောင်း သိရသည်။
အသေးစိတ် ညှိနှိုင်း ဆောင်ရွက်မှုများ လုပ်ဆောင်ပြီးနောက် နားလည်မှု စာချွန်လွှာ၌ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ တာဝန်ရှိသူများက တရားဝင် နှစ်ဖက် အကျိုးတူ သဘောတူစာချုပ်အား ၂၀၁၆ ခုနှစ် အကုန်တွင် ရေးထိုးနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။
မလေးရှား ဝန်ကြီးချုပ် နာဂျစ်က မြန်နှုန်းမြင့် ရထားလမ်းသည့် ပြည်သူမှ ပြည်သူသို့ ဆက်ဆံမှုနှင့် နှစ်နိုင်ငံကြား စီးပွားရေး ချိတ်ဆက်မှုတို့ကို တိုးတက်စေနိုင်မည်ဖြစ်ကြောင်း ၎င်း၏ ဘလော့ခ် စာမျက်နှာ၌ ရေးသားခဲ့သည်။
နှစ်နိုင်ငံ ချိတ်ဆက် ရထားလမ်းသည် မလေးရှားနိုင်ငံ မြို့တော်နှင့် စင်ကာပူ မြို့ကြား သွားလာမှု ကြာချိန်သည် မိနစ် ၉၀ သာ ကြာမြင့်တော့မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.