Asia
ဂျပန် နိုင်ငံ Iwo Jima ကျွန်း အနီး တွင် ပြင်းအား ၆.၆ အဆင့်ရှိသော ငလျင် တစ်ခု လှုပ်ခတ်

တိုကျို ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ဂျပန် နိုင်ငံ Iwo Jima ကျွန်း အနီး တွင် သြဂုတ်လ ၁၇ ရက် နံနက်ပိုင်း အချိန် ၌ ပြင်းအား ၆.၆ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။
ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် သြဂုတ်လ ၁၇ ရက် နံနက် ၃ နာရီ ၂၂ မိနစ် တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ မြောက်လတ္တီတွဒ် ၂၃.၅ ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ် ၁၄၃.၄ ဒီဂရီ တွင် လှုပ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Iwo Jima ကျွန်း သည် ပစိဖိတ်သမုဒ္ဒရာ အတွင်း ရှိ ကျွန်းတစ်ခု ဖြစ်ပြီး ဂျပန် နိုင်ငံ မြို့တော် တိုကျို မြို့ ၏ တောင်ပိုင်း ၁၂၅၀ ကီလိုမီတာ အကွာအဝေး တွင် တည်ရှိကြောင်း ၊ မိုးလေဝသ ဌာန က ယခု အကြိမ် ဖြစ်ပွား သည့် ငလျင်ကြောင့် ဂျပန် နိုင်ငံ ကမ်းရိုးတန်း ဒေသ များတွင် လှုပ်ခတ်မှု အနည်းငယ် ဖြစ်ပွား နိုင်သော်လည်း အခြား ထိခိုက်မှုမျိုး မဖြစ်ပွား နိုင်ကြောင်း သိရှိရသည်။(Xinhua)