Connect with us

Asia

ယူနက်စကိုက အိန္ဒိယနိုင်ငံ၏ ဂျိုက်ပူမြို့(Jaipur)ကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း


နယူူးဒေလီ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ပန်းရောင်မြို့တော်ဟု လူသိများသည့် ဂျိုက်ပူမြို့(Jaipur) ကို ယူနက်စကို(UNESCO) ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။

“ နောက်ထပ် သမိုင်းဝင် အောင်မြင်မှုတစ်ခုပါပဲ။ အဇာဘိုင်ဂျန်နိုင်ငံ Baku မြို့မှာ ဒီနေ့(ဇူလိုင် ၆ရက်) မှာကျင်းပတဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးက အိန္ဒိယနိုင်ငံRajasthan မှာရှိတဲ့ ဂျိုက်ပူမြို့(Jaipur)ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းဖို့အမည်စာရင်းသွင်းခဲ့ပါတယ်” ဟု အိန္ဒိယနိုင်ငံယဉ်ကျေးမှုဝန်ကြီး၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံရှိ နာမည်ကျော် ဂျိုက်ပူမြို့(Jaipur)၏ အထင်ကရ အဆောက်အအုံကြီးအားတွေ့ရစဉ်(ဆင်ဟွာ)

Rajasthanပြည်နယ် မြို့တော် Jaipurမြို့သည် ၎င်း၏ ဗိသုကာလက်ရာများ ၊ ယဉ်ကျေးမှုအမွေအနှစ်များ နှင့် ခရီးသွားလုပ်ငန်းများကြောင့် ထင်ရှားကျော်ကြားသော မြို့တစ်မြို့ဖြစ်သည်။ယခုကဲ့သို့ဂျိုက်ပူမြို့ကို ယူနက်စကိုအမွေအနှစ်အဖြစ် စာရင်းသွင်းလိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် ယဉ်ကျေးမှုနေရာ ၃ဝ ခု ၊ သဘာဝအလှအပနေရာ ၇ ခုနှစ် နှင့် သဘာဝယဉ်ကျေးမှုပေါင်းစပ်နေရာ ၁ ခုအပါအဝင် စုစုပေါင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာပေါင်း ၃၈ ခုထိ ရှိလာခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အိန္ဒိယနိုင်ငံရှိ နာမည်ကျော် ဂျိုက်ပူမြို့(Jaipur)၏ အထင်ကရ အဆောက်အအုံကြီးအားတွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံရှိ နာမည်ကျော် ဂျိုက်ပူမြို့(Jaipur)၏ အထင်ကရ အဆောက်အအုံကြီးအားတွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ဂျိုက်ပူမြို့အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့ခြင်းအပေါ် အလွန်အားရ ကျေနပ်မိကြောင်း ထည်ဖော်ပြောကြားခဲ့သည်။“ ဂျိုက်ပူမြို့ဟာ ယဉ်ကျေးမှု နဲ့တန်ဖိုးတွေ ပေါင်းစပ်ထားတဲ့ မြို့တစ်မြို့ပါ။ သိပ်ကို လှပပြီး စွဲဆောင်မှုရှိပါတယ်။ မြို့တော်သူ မြို့တော်သားတွေကလည်း သိပ်ကို ယဉ်ကျေးပျူငှာမှုရှိပါတယ်” ဟု ဝန်ကြီးချုပ်မိုဒီက ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင်ရေးသားခဲ့သည်။ထို့ပြင် “ ဂျိုက်ပူမြို့ကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသွင်းခဲ့အတွက် သိပ်ကို ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟူ၍ ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.