Connect with us

Asia

ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပုခုံးကြွက်သား နာကျင်မှုဝေဒနာကို စင်ကာပူဆရာဝန်များဖြင့် ကုသမှုခံယူမည်ဟု ဆို

ကမ္ဘောဒီးယား နိုင်ငံ ၀န်ကြီးချုပ် Samdech Techo Hun Sen က မတ်လ အတွင်း ပြုလုပ်ခဲ့သော အခမ်းအနား တစ်ခုတွင် မိန့် ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် (Samdech Techo Hun Sen) က ၎င်း၏ ညာဘက် ပုခုံး ကြွက်သား နာကျင်မှုဝေဒနာအား ကုသရန် စင်ကာပူ နိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။

“ ကျွန်တော့်ရဲ့ ညာဘက်ပုခုံးကြွက်သားက နာနေပါတယ်။ အဲဒီဝေဒနာကို ကုသဖို့စင်ကာပူနိုင်ငံမှာ သွားပြသင့်တယ် ၊ အဲဒီမှာပဲ ကုသမှု ခံယူသင့်တယ်လို့ ကမ္ဘောဒီးယားပြည်တွင်း ဆရာဝန်တွေက ကျွန်တော့်ကို အကြံပေးကြပါတယ်။ လာမယ့်အပတ်မှာ လုပ်ဖို့ရှိတဲ့အစည်းအဝေးတွေကို ဖျက်လိုက်ရတဲ့အပေါ် ပြည်တွင်းပြည်ပက မိတ်ဆွေတွေ ကျွန်တော့်ကို နားလည်ပေးကြဖို့ပြောလိုပါတယ် ” ဟု ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။အသက် ၆၆ နှစ် အရွယ်ရှိ ဝန်ကြီးချုပ်က ၎င်း၏ ညာဘက် ပုခုံး ကြွက်သား မည်သည့်အတွက်ကြောင့် နာကျင်ဝေဒနာခံစားနေရသည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ဟွန်ဆန် သည် စင်ကာပူ နိုင်ငံ၌ ပုံမှန် ကျန်းမာရေး စစ်ဆေး ကုသမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။(Xinhua)