Asia
ပါပူဝါ နယူးဂီနီ နိုင်ငံ ဝန်ကြီးချုပ်သစ် အဖြစ် James Marape ကို လွှတ်တော်က ရွေးချယ်

ပို့မော်ရက်စ်ဘီ ၊ မေ ၃၀ ရက်(ဆင်ဟွာ)
ပါပူဝါ နယူးဂီနီ နိုင်ငံ၏ ဝန်ကြီးချုပ်သစ် အဖြစ် James Marape ကို မေ ၃၀ ရက်တွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်ဖြစ်သူ Peter O’Neill သည် ပါတီတွင်း ပြဿနာ တစ်ချို့နှင့် မကြာသေးမီ ရက်သတ္တပတ် အကျော်က ကြုံတွေ့ခဲ့ရပြီးနောက် ၎င်းသည် ခေါင်းဆောင် အဖြစ်မှ မေ ၂၉ ရက်တွင် တရားဝင် နုတ်ထွက်မှု နှင့် အတူ နိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ် ၁၁၁ ဦးက ယနေ့နံနက်ပိုင်းတွင် ခေါင်းဆောင်သစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်သစ် ဖြစ်သူ Marape သည် ပါပူဝါ နယူးဂီနီ နိုင်ငံရေးတွင် လူသိများသော ဝါရင့် ထင်ရှားသူ တစ်ဦး ဖြစ်ပြီး တောင်တန်းကုန်းမြင့်ဒေသ ဖြစ်သည့် Hela ပြည်နယ် မှ ဖြစ်ကာ O’Neill ၏ လက်အောက်တွင် ဧပြီလ နှုတ်ထွက်မှု မပြုမီ အထိ ဘဏ္ဍာရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)