Connect with us

Asia

တိုကျိုမြို့အနီး ဓါးကိုင်ရမ်းကားမှုဖြစ်ပွား ၊ ကျောင်းသူ တစ်ဦးသေဆုံး

တိုကျိုမြို့ အနီး ဓါးထိုးမှုဖြစ်ပွားသော နေရာ၌ ကယ်ဆယ်ရေးသမားများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတိုကျိုမြို့အနီး၌ ယနေ့(မေ ၂၈ ရက်) နံနက်ပိုင်းတွင် အမျိုးသားတစ်ဦးက ဓါးကိုင် ရမ်းကားတိုက်ခိုက်မှုပြုလုပ်သဖြင့် ကျောင်းသူ ၁၃ ဦးထိခိုက်ဒဏ်ရာရရခဲ့ပြီး ယင်းတို့အနက် တစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အသက် ၄ဝ နှစ် မှ ၅ဝ နှစ်ကြား အရွယ်ရှိ အမျိုးသားတစ်ဦးက တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းအား အချုပ်ခန်းသို့ပို့ဆောင်ခဲ့ပြီး ၎င်းလည်ပင်းတွင်ရရှိထားသော ကိုယ်တိုင် ထိုးသွင်းဓားဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသိရသည်။

အခြား လူကြီး သုံးဦးမှာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က အစောပိုင်းတွင်ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် လူကြီးတစ်ဦး နှင့် လူငယ်တစ်ဦးမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် တိုက်ခိုက်မှုနှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့က သတိပေးမှုလက်ခံရရှိခဲ့ကြောင်း ၊ တိုကျိုမြို့အနောက်ပိုင်းတွင် တည်ရှိသော ကာဝါဆာကီမြို့(Kawasaki) နိုဘိုရီတိုကားမှတ်တိုင် အနီးတွင် ဘတ်စ်ကားစောင့်ဆိုင်းနေသော ကျောင်းသူအုပ်စုကို ဓါးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်တန်းကျောင်းသူများသည် ကာဝါဆာကီမြို့ Caritas ကိုယ်ပိုင် ကက်သလစ် အထက်တန်းကျောင်းသူများဖြစ်ကြောင်း နှင့် လက်ရှိတွင် ကျောင်းတာဝန်ရှိသူများက ဒဏ်ရာရကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းလျက်ရှိကြောင်း သိရသည်။

အချင်းဖြစ်စဉ်အတွင်း ဓါးသမားသည် လက်နှစ်ဖက်စလုံးဖြင့် ဓါးများကိုင်၍ ကျောင်းသူများအား ရမ်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သွေးများဖြင့် ပေကံျနေသည့် အချင်းဖြစ်နေရာအနီးတစ်ဝိုက်ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားကြောင်း နှင့် စုံထောက်များက စစ်ဆေးလျက်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ သတင်းဖော်ပြချက်များအရ သိရသည်။

ဓါးဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ကျောင်းသူတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဆိုသည်။ တိုက်ခိုက်မှုဖြစ်ပွားသော နေရာတွင် ရဲတပ်ဖွဲ့က ဓါးနှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.