Connect with us

Asia

Lion Air လေယာဉ် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ပင်လယ်အတွင်းသို့ ပျက်ကျ၊ ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေ

Lion Air လေယာဉ်တစ်စင်းပေါ်သို့ ခရီးသည်များ တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ယနေ့ အောက်တိုဘာလ ၂၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ပင်လယ်အတွင်းသို့ ပျက်ကျခဲ့သည့် Lion Air လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အကြီးအကဲ Muhammad Syaugi က ပြောကြားခဲ့သည်။

ခရီးသည် ၁၈၉ ဦး လိုက်ပါသွားသော အဆိုပါ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှ ပျံတက်ပြီး ခဏအကြာ နိုင်ငံအနောက်ပိုင်း ဂျာဗားပြည်နယ် Karawang နယ်မြေ၌ ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၈၉ ဦးအနက် ကလေးငယ် ၃ ဦးပါဝင်ကြောင်း Syaugi က ပြောခဲ့သည်။

လေကြောင်းခရီးခရီးစဉ် အမှတ် JT 610 ဖြင့် ထွက်ခွာမည့် Lion Air လေယာဉ်သည် အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းတွင် Banten ပြည်နယ်ရှိ Soekarno-Hatta နိုင်ငံတကာ လေဆိပ်မှ ပျံတက်လာခဲ့ခြင်း ဖြစ်ကြောင်း Syaugi က ဆိုသည်။

“ကျွန်တော်တို့ တပ်ဖွဲ့ဝင် ၁၃၀ ဦး၊ အခြားယူနစ်မှ နောက်ထပ် ၃၀ ဦး၊ သင်္ဘော သုံးစင်း၊ ရဟတ်ယာဉ်တစ်စင်းနဲ့ လှေများစွာ လွှတ်ထားပါတယ်” ဟု Syaugi က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေး၏ ဦးတည်ချက်များအနက်တစ်ခုမှာ လေယာဉ်၏ အဓိက အပျက်အစီးရှိရာနေရာသို့ ရောက်ရှိရန် ရေအောက်အနက် ၃၀ မှ ၃၅ မီတာအကြားသို့ ရေငုပ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အဓိကလေယာဉ် အစိတ်အပိုင်းကို ဆယ်ယူဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အဲဒါကို လေထဲကနေတွေ့ခဲ့ချိန်မှာ တွေ့ပြီလို့ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ကျွန်တော်တို့ ဗော်ယာတွေ၊ မိုဘိုင်းဖုန်းနဲ့ အစိတ်အပိုင်းတွေကို တွေ့ရှိထားပါတယ်” Syaugi က ဆိုသည်။

“လေယာဉ်က ရေဒါကနေ ပျောက်မသွားမီ အောက်ပြန်ဆင်းဖို့ (လေကြောင်း သွားလာရေးထိန်းချုပ်မှု) တောင်းဆိုခဲ့တယ်” ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Bambang Ervan က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.