Connect with us

Asia

သီရိလင်္ကာ နိုင်ငံ သမ္မတ က လွှတ်တော် ကိုယ်စားလှယ် များ အားလုံး အစိုးရ သစ် နှင့် ပူးပေါင်း ပါဝင် ကြရန် တိုက်တွန်း

သီရိလင်္ကာ နိုင်ငံ သမ္မတ Maithripala Sirisena အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ သမ္မတ Maithripala Sirisena က အောက်တိုဘာ ၂၈ ရက် ၌ ရုပ်မြင်သံကြား မှ တစ်ဆင့် မိန့်ခွန်းပြောကြား ရာတွင် နိုင်ငံ အတွင်း ကြုံတွေ့နေရသည့် နိုင်ငံရေး အခက်အခဲ အား ကျော်ဖြတ် နိုင်ရန် အတွက် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး အနေဖြင့် အစိုးရ သစ် နှင့် အတူ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

Maithripala Sirisena က နိုင်ငံ အတွင်း ရှိ လွှတ်တော် ကိုယ်စားလှယ် ၂၂၅ ဦး အား နိုင်ငံရေး အခက်အခဲ ကျော်ဖြတ် နိုင်ရန် အတွက် အစိုးရ သစ် သို့ ပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ၊ အသစ် ဖွဲ့စည်း မည့် အစိုးရ သစ် အနေဖြင့် ဒီမိုကရေစီ အုပ်ချုပ်မှု အား တိုးချဲ့ ဆောင်ရွက်ပြီး ပြည်သူလူထု တို့၏ အကျိုးစီးပွား အား ကာကွယ်ကာ နိုင်ငံတော် အား ဖွံ့ဖြိုးတိုးတက်အောင် အဓိက ထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မိမိ နှင့် လတ်တလော ရက်ပိုင်း အတွင်း ထုတ်ပယ် ခံရသည့် ဝန်ကြီးချုပ် နှင့် နိုင်ငံရေး ၊ ယဉ်ကျေးမှု နှင့် အမူအကျင့် များတွင် သဘောထား ကွဲလွှဲမှု ဖြစ်ပေါ် ခဲ့သောကြောင့် ယခု နိုင်ငံရေး အခက်အခဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် တစ်ခုတည်းသော ရွေးချယ် နိုင်သည့် နည်းလမ်းမှာ သမ္မတဟောင်း Mahinda Rajapaksa အား ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး အစိုးရသစ် ဖွဲ့စည်း ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ သမ္မတ သည် Ranil Wickremesinghe အား ယခု လ ၂၆ ရက် တွင် ဝန်ကြီးချုပ် ရာထူး မှ ထုတ်ပယ် ခဲ့ခြင်း ဖြစ်ပြီး လွှတ်တော် အစည်းအဝေး အား နိုဝင်ဘာ ၁၆ ရက် အထိ ရပ်နားကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

သီရိလင်္ကာ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အစိုးရသစ် စတင် တာဝန်ယူခြင်း အား အောက်တိုဘာ ၂၉ ရက် တွင် ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.