Asia
အင်ဒိုနိးရှားနိုင်ငံအနောက်ဘက်ကမ်းလွန် ပင်လယ်ထဲသို့ ပျက်ကျသွားသည့် Lion Air လေကြောင်းလိုင်းမှ ဂျက်လေယာဉ် ၏ Cockpit အသံဖမ်းစက်အားရှာဖွေတွေ့ရှိ

ဂျာကာတာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ်ပြင်ထဲသို့ ပျက်ကျသွားသည့် Lion Air လေကြောင်းလိုင်း မှ ဂျက်လေယာဉ် ၏ Cockpit အသံဖမ်းစက်ကို ဇန်နဝါရီ လ ၁၄ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျမှု အတွင်း လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည် ၁၈၉ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟန်းကီအန်ကစဝမ် (Hengky Angkasawan) က ဆင်ဟွာသို့ တယ်လီဖုန်းဖြင့်ဖြေကြားခဲ့သည်။ (Xinhua)