Connect with us

Asia

ထိုင်းနိုင်ငံတောင်ပိုင်း၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်သတ်ခံရ

ပဋိပက္ခများ မကြာခဏဖြစ်ပွားလေ့ ရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရဲစခန်းတစ်ခုအား ဇန်နဝါရီ ၁၃ ရက်တွင် အမည်မသိသေနတ်သမားများက ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။

ပတ်တာနီပြည်နယ်(Pattani) ၊ ခုပ်ဖူးခရိုင်(Khok Pho) အတွင်းရှိ နာပရာထု (Na Pradu) ရဲစခန်းကို အမည်မသိ လူ ၆ ဦးက ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး စခန်းအပြင်ဘက်မှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အပစ်ခံရသော ရဲတပ်ကြပ်ကြီး Chalermphol Khomkham မှာ ဆေးရုံသို့ရောက်ရှိပြီး မကြာမီမှာပင် သေဆုံးသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် Piyawat Chalermsri ကဆိုသည်။

ယင်းတိုက်ခိုက်မှုမှာ ဇန်နဝါရီ ၁၂ ရက်က သေနတ်သမားနှစ်ဦးအား ပတ်တာနီရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့သည်ကိုလက်စားချေသည့်အနေဖြင့် တန်ပြန်ကျူးလွန်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ရဲဗိုလ်ချုပ်ကဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီ ၁ဝ ရက်က ယင်းပြည်နယ်အတွင်းတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကိုသေနတ်သမားအုပ်စုတစ်ခုက အလားတူ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ၊ စေတနာ့ဝန်ထမ်း လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး အချင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဆေးရုံသို့ရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ထိုင်းနိုင်ငံတောင်ပိုင်း၌ အစိုးရဝန်ထမ်းများအား ပစ်မှတ်ထား တိုက်ခိုက်မှုပြုလုပ်လေ့ရှိသည့် ခွဲထွက်ရေးသမားများဖြစ်သော Barisan Revolusi Nasional အဖွဲ့(သို့မဟုတ်) အမျိုးသားတော်လှန်ရေးအင်အားစုမှ အဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက သံသယရှိနေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.