Asia
သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa ရာထူးမှနုတ်ထွက်

ကိုလံဘို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa သည် ဒီဇင်ဘာလ ၁၅ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ပြီး သမ္မတ Maithripala Sirisena တည်ထောင်မည့် အစိုးရသစ်အတွက် လမ်းဖွင့်ပေးလိုက်သည်။
Rajapaksa သည် မြို့တော် ကိုလံဘိုရှိ နေအိမ်၌ ၎င်း၏ ပါတီဝင်များ ဝန်းရံလျက် နုတ်ထွက်စာအား လက်မှတ်ရေးထိုးခဲ့ကြောင်း ရုပ်မြင်သံကြားမြင်ကွင်းတွင် တွေ့ရသည်။ဝန်ကြီးချုပ်နှင့် ၎င်း၏ အစိုးရအဖွဲ့အား တာဝန်ဆက်ထမ်းဆောင်ရန် ဆိုင်းငံ့လိုက်ကြောင်း တရားရုံးချုပ်မှ ဒီဇင်ဘာလ ၁၄ ရက်က အမိန့်ထုတ်ပြန်လိုက်ပြီးနောက် Rajapaksa က ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အောက်တိုဘာလ ၂၆ ရက်က ရာထူးမှဖြုတ်ချခံခဲ့ရသော United National Party ခေါင်းဆောင် Ranil Wickremesinghe သည် ဝန်ကြီးချုပ်အဖြစ် ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ထပ်မံ၍ ကျမ်းသစ္စာကျိန်ဆိုရမည်ဖြစ်ကြောင်း သိရသည်။သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2018-12/15/c_137676629.htm