Connect with us

Asia

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုများနှင့် ဥပဒေချိုးဖောက်ကြောင်း စွပ်စွဲခံထားရသူ ၆၆၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းလွန်နေထိုင်ခြင်းကြောင့် ဖမ်းဆီးခံရသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူများကို မကြာသေးမီက ရဲတပ်ဖွဲ့က ထိထိရောက်ရောက်နှိမ်နင်းခဲ့ရာ လူ ၆၆၇ ဦး အဖမ်းခံခဲ့ရကြောင်း ရဲဗိုလ်ချုပ်က ဒီဇင်ဘာ ၁၄ ရက်က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ၃၈၄ ဦးတွင် မြန်မာနိုင်ငံသား ၂၀၆ ဦး၊ လာအိုနိုင်ငံသား ၁၁၂ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၅၂ ဦး၊ မြောက်ကိုရီးယားနိုင်ငံသား ၄ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦးနှင့် ဘယ်လ်ဂျီယံနိုင်ငံသား ၁ ဦးတို့ပါဝင်ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို ဒုတိယရဲမင်းကြီး ရဲဗိုလ်ချုပ် Itthiphol Itthisararonchai က ပြောကြားခဲ့သည်။

နိုင်ငံအတွင်း နေထိုင်ခွင့်ကာလကုန်ဆုံးလျက် နေထိုင်သူဟု စွပ်စွဲခံထားရသော နိုင်ငံခြားသား ၅၂ ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ ထိုနိုင်ငံခြားသားများအနက် မြန်မာနိုင်ငံမှ ၂၉ ဦး၊ လာအိုနိုင်ငံမှ ၁၀ ဦး၊ အိန္ဒိယနိုင်ငံမှ ၅ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ၃ ဦး၊ ရုရှားနိုင်ငံမှ ၂ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံမှ ၂ ဦးနှင့် ဗီယက်နမ်နိုင်ငံမှ ၁ ဦးတို့ပါဝင်ကြောင်း ဒုတိယရဲမင်းကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံသား ၁၆၆ ဦးနှင့် နိုင်ငံခြားသား ၆၆ ဦးလည်း နိုင်ငံခြားသား နေထိုင်ရန် သို့မဟုတ် ပြစ်မှုကျူးလွန်ရန် ဆက်စပ်ဥပဒေများ ချိုးဖောက်ကြောင်း စွပ်စွဲခံရကာ ဖမ်းဆီးခံခဲ့ရကြောင်း ဒုတိယရဲမင်းကြီး၏ အဆိုအရ သိရသည်။ (Xinhua)