Connect with us

Asia

ဂျပန် နိုင်ငံ Miyazaki စီရင်စု တွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ်

ငလျင်ကြိမ်နှုန်း တိုင်းတာမှုပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ မေ ၁၀ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ Miyazaki စီရင်စု တွင် မေလ ၁၀ ရက် နံနက်ပိုင်း အချိန် ၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး ဒေသအများအပြား တွင် ပြင်းထန်စွာ လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကာ လက်ရှိချိန်တွင် ပျက်စီး ဆုံးရှုံးမှု နှင့် သေဆုံး ဒဏ်ရာရရှိမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ထုတ်ပြန်ချက်အရ ငလျင် က ဒေသစံတော်ချိန် နံနက်ပိုင်း ၈ နာရီ ၄၈ မိနစ် တွင် မြေအောက် အနက် ၂၀ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း ၊ ငလျင်ကြောင့် ဒီရေ ၂၀ စင်တီမီတာ အမြင့် ပြောင်းလဲမှုရှိနိုင်သော်လည်း ဆူနာမီ မဖြစ်ပွား နိုင်ကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ Kyushu လျှပ်စစ်ဓာတ်အား ကုမ္ပဏီ ၏ က Kagoshima စီရင်စု Satsumasendai မြို့ ရှိ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံ က ထူးခြားမှု ဖြစ်ပွားခြင်း မရှိဘဲ ပုံမှန် လည်ပတ်နေကြောင်း ထုတ်ပြန် ခဲ့ပြီး Kyushu ရထားလမ်းပိုင်း က အရေးပေါ် လည်ပတ်မှု ရပ်ဆိုင်းခဲ့သော်လည်း စစ်ဆေးမှု ပြုလုပ်ပြီး နောက် ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရှိရသည်။

ဂျပန်လေကြောင်း ကုမ္ပဏီ အနေဖြင့် Miyazaki ၊ Kumamoto နှင့် Kagoshima ရှိ လေဆိပ် ပြေးလမ်းလမ်းများ ပျက်စီးမှု မရှိခဲ့ဘဲ ပုံမှန်လည်ပတ်နိုင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.