Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ အဝတ်အထည်ဆိုင် မီးလောင်မှုကြောင့် လူ ၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံရှိ ဆေးရုံကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မွမ်ဘိုင်း၊ မေ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် Pune မြို့ Urali Devachi ရပ်ကွက်ရှိ အဝတ်အထည်ဆိုင်တစ်ခုတွင် မေလ ၉ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အထည်ဆိုင်တွင် ဒေသစံတော်ချိန် နံနက် ၄း၃၀ နာရီဝန်းကျင်က မီးလောင်ခဲ့ချိန် အလုပ်သမား ၅ ဦးမှာ ဆိုင်အတွင်း၌ အိပ်ပျော်နေခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြပြီး သေဆုံးရသည်မှာ အသက်ရှုကြပ်ခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုမီးလောင်မှုအား မီးသတ်ကား ၅ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဒဏ်ရာရသူများအား ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ မီးလောင်ရသည့် အကြောင်းရင်းအား သေချာအောင်စိစစ်နေကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

Pune မြို့သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်တွင် မွမ်ဘိုင်းပြီးလျှင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံ၏ ၉ ခုမြောက် လူဦးရေအထူထပ်ဆုံးမြို့လည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.