Asia
အပူပိုင်းမုန်တိုင်း မန် (Mun) ကြောင့် ထိုင်းနိုင်ငံ မိုးအကြီးအကျယ်ရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုဖြစ်ပွား

ဘန်ကောက်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
အပူပိုင်းမုန်တိုင်းမန် (Mun) ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ဖြတ်စဉ် မိုးကြီးခြင်း နှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဇူလိုင်လ ၄ ရက်တွင်ပြောကြားခဲ့သည်။
သို့သော် အဆိုပါမုန်တိုင်းသည် ဇူလိုင်လ ၅ ရက်နံနက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားပြီး တစ်နာရီ ၅၅ ကီလိုမီတာ ဖြင့် လေတိုက်ခိုက်နိုင်ကြောင်း TMD ကဆိုသည်။
မုန်တိုင်းသည် ဇူလိုင်လ ၅ ရက် နံနက်တွင် လေဖိအားနည်းရပ်ဝန်း မှ အဖြစ်ဆက်လက်တည်ရှိကာ လာအိုနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တို့ကိုဖြတ်သန်း၍ ဆက်လက်တိုက်ခိုက်နိုင်ကြောင်း သိရသည်။ (Xinhua)