Connect with us

Asia

အမေရိကန်က ပြည်နှင်ဒဏ်ပေးခဲ့သော ကမ္ဘောဒီးယား နိုင်ငံသားရွှေ့ပြောင်းနေထိုင် သူများ ဖနွမ်းပင်သို့ပြန်လည်ရောက်ရှိ

။အမေရိကန်နိုင်ငံရောက် ကမ္ဘောဒီးယားနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးမှုကို အမေရိကန် ပြည်သူများက ၂၀၁၆ ခုနှစ်၌ ဆန္ဒပြနေကြစဉ်(အင်တာနက်)

ဖနွမ်းပင်၊ ဇူလိုင်လ ၅ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု သို့တရားမဝင်ပြောင်းရွှေ့နေထိုင်ခဲ့ကြသော ကမ္ဘောဒီးယားနိုင်ငံသား ၃၇ ဦး ကိုအမေရိကန်အစိုးရကပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက်ဇူလိုင်လ ၄ ရက်က ဖနွမ်းပင်မြို့တော်သို့ပြန်လည် ရောက်ရှိလာကြကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဇူလိုင် ၅ ရက်တွင်ပြော ကြားခဲ့သည်။

တရားမဝင်တရားမဝင်ရွှေ့ပြောင်းနေထိုင်ခဲ့ကြသူ ၃၇ ဦးတွင် အမျိုးသမီးတစ်ဦးလည်းပါဝင်၍ ဖနွမ်းပင် လေဆိပ်သို့ ဇူလိုင် ၄ ရက်နံနက်ကပြန်လည်ရောက်ရှိလာခဲ့ကြောင်းထိုရဲအရာရှိက ဆင်ဟွာသတင်းဌာ နသို့ပြောကြားခဲ့သည်။သို့သော်ထိုသူတို့၏အမည်များကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

ရဲအရာရှိက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအနက်အချို့မှာ အမေရိကန်ပြည်ထောင်စုတွင်ရာဇ ဝတ်မှုကျူးလွန်သူများအဖြစ်တရားစွဲခံခဲ့ကြရကာ ထောင်ဒဏ်များကျခံပြီးနောက်ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ အခြားသူများကိုမူ အမေရိကန်နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဥပဒေက ိုချိုးဖောက်မှု ဖြင့်ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရဲအရာရှိက ယခုအထိအမေရိကန်နိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရ၍ပြန်ရောက်လာသူ ကမ္ဘောဒီးယား ၇၀၀ ဦးနီးပါးအထိရှိသွားပြီဖြစ်ကြောင်း၊သို့သော်၎င်းတို့အနက်အများစုမှာ ကမ္ဘောဒီးယားဘာသာစကားကို မ ပြောကြားနိုင်ကြကြောင်းပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင်အမြဲတမ်းနေထိုင်ကြသူ ကမ္ဘောဒီးယားနိုင်ငံသားများသည်ရာဇဝတ်ပြစ်မှု တစ်ခုခုကိုကျူးလွန်၍တရားစွဲခံခဲ့ကြရပါက ပြန်လည်၍ပြည်နှင်ဒဏ်ပေးမှုပြုနိုင်သည်ဟူသော သဘော တူညီချက်တစ်ရပ်ကို အမေရိကန်နိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့က ၂၀၀၂ ခုနှစ်တွင်လက်မှတ်ထိုးခဲ့ကြ သည်။(Xinhua)