Asia
ဂျပန်နိုင်ငံ Mutsu ဒေသ တွင် အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့
နယူးယောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ Mutsu ဒေသ၏ အရှေ့၊ အရှေ့မြောက် ၇၆ကီလိုမီတာအကွာ တွင် ဇူလိုင် ၁ရက် ၌ ရစ်ချ်တာစကေး ၅.ဝပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
ငလျင်သည် မြောက်လတ္တီကျု ၄၁.၅၀၃၆ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၂.၀၈၀၉ ဒီဂရီ ရှိ မြေပြင်အနက် ၅၅.၃၄ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ကနဦး တိုင်းတာချက်များအရသိရသည်။ (Xinhua)