Connect with us

Asia

ဘင်္ဂလားဒေ့ရှ်တွင် လေတပ်လေ့ကျင့်ရေးလေယာဉ် ပျက်ကျ၍ လေယာဉ်မှူး ၂ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လေ့ကျင့်ရေးလေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်း Jessore ခရိုင် တွင် ဇူလိုင် ၁ရက်က လေတပ် တပ်ဖွဲ့ (BAF) မှ လေ့ကျင့်ရေးလေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) ကပြောကြားခဲ့သည်။

ISPR ၏ ပြောကြားချက်အရ လေတပ်ဗိုလ်ကြီး Md Serajul Islam နှင့် လေတပ်ဗိုလ်ကြီး Enayet Kabir Polash မောင်းနှင်လာသော လေယာဉ်သည် ရေပြင်ပေါ်သို့ ပျက်ကျခဲ့၍ ၎င်းတို့၂ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းရန် အဆင့်မြင့်ကော်မတီတစ်ရပ်အား ဖွဲ့စည်းခဲ့ကြောင်း ISPR က ပြောကြားခဲ့သည်။

Jessore ပြည်နယ် Kotwali ရဲစခန်း စခန်းမှူး Abul Bashar Miah က လေယာဉ်သည် ညပိုင်းလေ့ကျင့်ပျံသန်းမှုအတွက် မြို့တော် ဒါကာမြို့ မှ ၁၆၄ကီလိုမီတာ အကွာ Jessore ခရိုင် ရှိ BAF လေတပ်စခန်း Matiur Rahman မှ ပျံသန်းလာပြီးနောက် ကျေးရွာတစ်ခုရှိ ရေပြင်တစ်ခုပေါ်သို့ ဒေသစံတော်ချိန် ည ၉း၂၀နာရီတွင် ပျက်ကျခဲ့ကြောင်း အစောပိုင်းတွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.