Connect with us

Asia

ထိုင်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တိုးချဲ့လုပ်ဆောင်လျက်ရှိရာ ကမ္ဘောဒီးယား အရပ်သားသေဆုံးသူ ၁၂ ဦးအထိ မြင့်တက်လာဟု ကမ္ဘောဒီးယားက ပြောကြား

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်ရှိ ခိုလှုံရေးစခန်းမှ ထွက်ခွာနေကြသူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Presse/Handout via Xinhua)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

လေကြောင်းတိုက်ခိုက်မှုများကို ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆီရမ်ရိ(ပ်)ပြည်နယ်အထိ တိုးချဲ့လုပ်ဆောင်လာကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီအထိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအရပ်သား သေဆုံးသူ ၁၂ ဦးနှင့် အခြားဒဏ်ရာရသူ ၇၄ ဦး ရှိခဲ့ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။ထိုင်းစစ်တပ်က ကမ္ဘောဒီးယား အမှတ် ၄ စစ်ဒေသကြီးကို တိုက်ခိုက်မှုသည် ကမ္ဘောဒီးယား အချုပ်အခြာအာဏာပိုင်နယ်နိမိတ်သို့ တစ်ဆင့်တိုး နက်ရှိုင်းစွာ ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် ထိုင်းစစ်တပ် F-16 တိုက်လေယာဉ်တစ်စင်းက Siem Reap ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုအနီးတွင် ဗုံးနှစ်လုံးကြဲခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး အခြားသူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ကမ္ဘောဒီးယား အရပ်သားဦးရေသည် ၄၀၃,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ၎င်းတို့အနက် အမျိုးသမီး ၂၀၈,၀၀၀ ဦးခန့်နှင့် ကလေးသူငယ် ၉၆,၀၀၀ ခန့် ပါဝင်ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Touch Sokhak က ဒီဇင်ဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၁၄ ရက် သန်းခေါင်ယံမှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းအထိ ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း နေရာအများအပြားကို ထိုင်းစစ်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်မှစ၍ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတွင် ပဋိပက္ခအပြင်းအထန် ထပ်မံဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် “စတင်ပစ်ခတ်” သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)

———————————
(Chinese Version)
柬埔寨称泰军扩大空袭范围 柬平民死亡人数升至12人
新华社金边12月15日电(记者吴长伟)柬埔寨国防部15日说,泰国军队将空袭范围扩大到了柬埔寨西北部的暹粒省。柬内政部当天说,截至14日下午6时,柬泰边境冲突已造成12名柬埔寨平民死亡,另有74人受伤。
柬埔寨国防部发布新闻稿说,泰国军队对柬埔寨第四军区的袭击已进一步深入柬主权领土。15日上午10时,泰国军队一架F-16战斗机在暹粒省一处难民营地附近投下了两枚炸弹。
柬埔寨内政部发言人杜索卡15日在新闻发布会上说,1名平民在14日下午死亡,另有15人受伤。流离失所的柬埔寨平民人数已超过40.3万人,其中包括约20.8万名妇女和约9.6万名儿童。
柬埔寨国防部发言人马莉淑洁达在新闻发布会上表示,14日午夜至15日凌晨,泰国军队向柬埔寨境内多处地点持续发射炮弹。
12月7日起,柬泰边境地区再次爆发激烈冲突。双方均指责对方“先开火”。(完)
1,2. 这是12月8日在柬埔寨柏威夏省边境地区拍摄的撤离的居民。新华社/柬新社
3. 12月12日,在柬埔寨班迭棉吉省的一处居民安置点,因柬泰边境冲突而撤离的柬埔寨民众等待登记。新华社发(索万纳拉摄)