Connect with us

Politics, Law & Military

သံမဏိပမာ ခိုင်မြဲသောသက်သေတွင် ဖြစ်ရပ်မှန်ပေါ်လွင်နေ – အမှတ် ၇၃၁ တပ်ဖွဲ့၏ လူသားမဆန်သောပြစ်မှုကို ဖြူစင်အောင်ဆေးကြောပေး၍ ရမည်မဟုတ်

လျှို့ဝှက်အဆင့် ပယ်ဖျက်ထားသော ရုရှားနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေးသည့် ဂျပန် အမှတ် ၇၃၁ တပ်ဖွဲ့၏ မှတ်တမ်းအချက်အလက်များကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဌာနသည် ဒီဇင်ဘာ ၁၃ ရက်တွင် ရုရှားနိုင်ငံမှ လွှဲပြောင်းပေးအပ်သည့် ဂျပန် အမှတ် ၇၃၁ တပ်ဖွဲ့အား ဆိုဗီယက်ပြည်ထောင်စု စစ်ဆေးမေးမြန်းသည့် လျှို့ဝှက်အဆင့် ပယ်ဖျက်ထားသော မှတ်တမ်းအကြောင်းအရာတစ်သုတ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ သိမ်းဆည်းထားသည်မှာ ကာလကြာရှည်ပြီဖြစ်သော၊ ၁၉၃၉ ခုနှစ် မေလမှ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ပါဝင်သော အဖိုးတန်မှတ်တမ်းသည် အဆိုပါ “မိစ္ဆာတပ်ဖွဲ့” ၏ လူသားမဆန်သော အကြမ်းဖက်လုပ်ရပ်များကို လူအများရှေ့မှောက်တွင် ထပ်မံပေါ်လွင်အောင်ဖွင့်ဟလိုက်သည်။
အဆိုပါ သံမဏိပမာခိုင်မြဲသည့် သက်သေသည် သမိုင်းဖြစ်ရပ်မှန် ပဟေဠိ၏ အရေးကြီးအစိတ်အပိုင်းတစ်ခုကို ဖြည့်ဆည်းပေးလိုက်သည်။ ၎င်းသည် ဆိုဗီယက်ပြည်ထောင်စုက Harbarovsk စီရင်မှု အစောပိုင်းကာလအတွင်း စုံစမ်းစစ်ဆေးမှုဖြစ်စဉ်ကို ပထမဆုံးအကြိမ်ဖော်ပြလိုက်ရာ အမှတ် ၇၃၁ တပ်ဖွဲ့ပြစ်မှုနှင့် သက်ဆိုင်သူများသည် လူဦးရေ ၂၀၀ ကျော်ရှိကြောင်း တွေ့ရှိရသည်။ မှတ်တမ်းအတွင်း၌ ဆိုဗီယက်ပြည်ထောင်စု ဆေးပညာ၊ အဏုဇီဝပညာ၊ ကပ်ပါးပိုးပညာ စသည့် ကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ ပူးတွဲလုပ်ဆောင်သည့် ဆေးပညာဆိုင်ရာ စစ်ဆေးအတည်ပြုမှုအရ သိပ္ပံနည်းကျ၍ ရက်စက်လှသည့် ရလဒ်တစ်ခုကို ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ယင်းမှာ ဂျပန်လူမျိုးများက ဘက်တီးရီးယား သုတေသနပြုလုပ်မှု၏ ရည်ရွယ်ချက်သည် ဘက်တီးရီးယားပိုးများဖြင့် လူသားမျိုးနွယ် ပမာဏအများအပြားအား ဖျက်ဆီးပစ်ရန်ပင်ဖြစ်သည်။

တရုတ်နိုင်ငံအား ကျူးကျော်သည့် ဂျပန်စစ်တပ် အမှတ် ၇၃၁ တပ်ဖွဲ့ ပြစ်မှုသက်သေများ ပြတိုက်သို့ လာရောက်လည်ပတ်နေသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါမှတ်တမ်းသည် တရုတ်နိုင်ငံက ထိန်းသိမ်းထားသည့် အမှတ် ၇၃၁ တပ်ဖွဲ့ အပျက်အစီးနေရာ၊ ပြစ်မှုမှတ်တမ်းတို့နှင့် အပြန်အလှန်ဖြည့်စွက် သက်သေထူနိုင်သောကြောင့် ဂျပန်စစ်တပ် အဆင့်မြင့်၊ အလယ်အဆင့်၊ အဆင့်နိမ့် စစ်သည်အရာရှိနှင့် လူပုဂ္ဂိုလ်များပါဝင်သော သက်သေကွင်းဆက်တစ်ခု ဖြစ်လာကာ ဂျပန်ဇီဝစစ်ပွဲသည် တစ်သီးပုဂ္ဂလလုပ်ဆောင်ချက်မဟုတ်ဘဲ အစီအစဉ်ရှိသော၊ ကြိုတင်ကြံစည်ထားသော၊ အထက်မှအောက်သို့ စနစ်ကျသော နိုင်ငံ၏ပြစ်မှုကျူးလွန်မှုဖြစ်ကြောင်း သက်သေထူလျက်ရှိသည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံသုတေသနအဖွဲ့အစည်းက အမှတ် ၇၃၁ တပ်ဖွဲ့၏ ပြစ်မှုသက်သေများအား ရှာဖွေဖော်ထုတ်မှု အဆက်မပြတ် ထဲထဲဝင်ဝင် လုပ်ဆောင်လာရာ ပိတ်သိမ်းခံထားရသည်မှာ ကြာပြီဖြစ်သော မှတ်တမ်းများ တစ်သုတ်ပြီးတစ်သုတ် အများရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရုပ်ရှင် “731” ၏ ရိုက်ကူးမှုဖြစ်စဉ် အထူးပြပွဲအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်သည့် အမှတ် ၇၃၁ တပ်ဖွဲ့ အဓိကဌာနရင်း၏ “ကိုယ်ရေးအခြေအနေ တင်ပြလွှာ” မှသည် ၂၀၂၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စာမျက်နှာထောင်နှင့်ချီရှိသည့် ဂျပန်စစ်တပ် ဇီဝစစ်ပွဲ မှတ်တမ်းများအထိ အေးတိအေးစက်လွန်းလှသည့် ဂျပန်လူနာမည်များ၊ အသေးစိတ်ပါဝင်သည့် စမ်းသပ်ချက် အချက်အလက်များ၊ ရက်စက်လှသည့် အချင်းဖြစ်ပွားရာနေရာဓာတ်ပုံများက ငြင်းပယ်၍မရသော ဖြစ်ရပ်မှန်ကို ရုပ်လုံးပေါ်လာစေခဲ့သည်။

ထို့ပြင် ဂျပန်ပြည်တွင်းမှ လူသားဆန်မှု စိတ်ထားရှိသောပြောဆိုသံဖြစ်သည့် ဂျပန် NHK ရုပ်သံလွှင့်ဌာနက မှတ်တမ်းရုပ်ရှင်ကို အကြိမ်များစွာ ထုတ်လွှင့်ပြသ၍ အသေးစိတ်၊ တိကျသော ရုပ်သံအချက်အလက်များဖြင့် “ကျွမ်းကျင်သော ဆေးကုသူနှင့် လူ့ခန္ဓာကိုယ်တွင်စမ်းသပ်မှု” ၏ အကျည်းတန်ဖွယ် သရုပ်မှန်ကို လှစ်ဟပြခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အသက် ၉၄ နှစ်အရွယ် အမှတ် ၇၃၁ တပ်ဖွဲ့ “လူငယ်တပ်ဖွဲ့” ၏ အဖွဲ့ဝင်ဟောင်း Hideo Shimizu သည် ၇၉ နှစ်အကြာတွင် တရုတ်နိုင်ငံ ဟားအယ်ပင်းသို့ ပြန်လည်သွားရောက်၍ မိမိအပြစ်အတွက် ဝန်ချတောင်းပန်ခဲ့သည်။ တရုတ်-ဆိုဗီယက်ပြည်ထောင်စု-ဂျပန် သုံးပွင့်ဆိုင်၏ သမိုင်းအချက်အလက်များနှင့် သက်သေထွက်ဆိုချက်များသည် အပြန်အလှန် သက်သေထူနေသောကြောင့် သမိုင်းဖြစ်ရပ်မှန်က ကျောက်ဆောင်ပမာ ခိုင်မြဲလာခဲ့သည်။

ဤမျှခိုင်မြဲလှသော သက်သေအား ရင်ဆိုင်ရာတွင် ဂျပန်နိုင်ငံ ပြည်တွင်း အချို့သော နိုင်ငံရေး အင်အားစုများက ရွေးချယ်မှုဖြင့် မျက်ကွယ်ပြုထားရန် လုပ်ဆောင်နေဆဲဖြစ်ပြီး သမိုင်းပြင်ဆင်မှုဝါဒကိုပင် ပြောင်ပြောင်တင်းတင်း အသုံးချမှုများ လုပ်ဆောင်လာခဲ့သည်။

၎င်းတို့သည် သင်ရိုးညွှန်းတမ်းများအား ပြင်ဆင်ခြင်းဖြင့် နောက်မျိုးဆက်တစ်ဆက်၏ သမိုင်းအမြင်အား ပုံဖျက်ရန် သို့မဟုတ် “သိပ္ပံပညာရပ် သုတေသနပြုလုပ်မှု” ဟူသည့် ခေါင်းစဉ်ဖြင့် စစ်ရာဇဝတ်သားများအတွက် ပြစ်မှုဖယ်ရှားပေးခြင်းမှသည် နိုင်ငံတကာစင်မြင့်ထက်တွင် “ထိခိုက်နစ်နာသူ” အသွင်ပုံစံဖြင့် လုပ်ဆောင်ကာ ကျူးကျော်စစ်ပွဲ၏ အနက်အဓိပ္ပာယ်အား မှေးမှိန်စေရန်၊ ကျူးကျော်မှုပြစ်မှုအား ဖုံးကွယ်ရန်၊ ကျူးကျော်မှုသမိုင်းအား တန်ဆာဆင်ရန် လုပ်ဆောင်လာခဲ့သည်။ ထိုကဲ့သို့ သမိုင်းရေစီးကြောင်းအား ဆန့်ကျင်၍ လှုပ်ရှားမှု၊ လူသားအသိစိတ်အား စိန်ခေါ်မှု လုပ်ရပ်မျိုးသည် နိုင်ငံတကာ တရားမျှတမှုအား ပြောင်ပြောင်တင်းတင်း ရန်စခြင်းပင်ဖြစ်သည်။

လက်တွေ့၏သတိပေးခေါင်းလောင်းသံသည် အားလုံးကို နိုးကြားလာစေခဲ့သည်။ လတ်တလောနှစ်ပိုင်းတွင် ဂျပန် လက်ယာယိမ်းအင်အားစုများက မှားယွင်းသောလမ်းကြောင်းထက်တွင် ဆက်လက်အလှမ်းဝေးအောင် ရှေ့ဆက်လျက်ရှိသည်။ နိုင်ငံရေးပုဂ္ဂိုလ်များက A အဆင့် စစ်ရာဇဝတ်သားများကို ဂုဏ်ပြုထားသည့် ယာဆူကူနီဂူဗိမာန်သို့ အကြိမ်များစွာ သွားရောက် ဂါရဝပြုသည်မှ “ငြိမ်းချမ်းရေး အခြေခံဥပဒေ” ၏ အစည်းအနှောင်ကို ထိုးဖောက်ခြင်း၊ ကာကွယ်ရေးအသုံးစရိတ်အား အများအပြားတိုးမြှင့်ခြင်းဖြင့် စစ်ပွဲအသင့်ပြင် စစ်ရေးအင်အားတိုးချဲ့မှုတို့ ကြိုးပမ်းလုပ်ဆောင်လာသည်အထိ ပြောင်းပြန်လုပ်ဆောင်မှု အပြုအမူများကြောင့် လူအများက စစ်ဝါဒ ပြန်လည်နိုးထလာမှုနှင့် မတည်မငြိမ်လှုပ်ခတ်နေမှုကို သတိပြုလာခဲ့သည်။ ထိုကဲ့သို့ သမိုင်းနောက်ဆုံးစည်းမျဉ်းအား အဆက်မပြတ် ထိုးဖောက်နေမှုသည် ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်အပေါ် စိန်ခေါ်မှုပင်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံနှင့် လူပုဂ္ဂိုလ်များက ယင်းအပေါ် သတိကြီးကြီးထား၍ ခိုင်မာစွာ ဆန့်ကျင်ရမည်ဖြစ်သည်။

သမိုင်းကိုပြင်ဆင်၍မရသလို ပြစ်မှုကိုလည်း ဖျောက်ဖျက်၍မရပေ။ အမှတ် ၇၃၁ တပ်ဖွဲ့အတွက် ပြစ်မှုကို ဖြူစင်အောင် ဆေးကြောပေးရန် ကြိုးပမ်းသော လုပ်ရပ်မှန်သမျှသည် သံမဏိပမာ ခိုင်မြဲသော သမိုင်းဖြစ်ရပ်မှန်ရှေ့တွင် အပြည့်အဝ ချေမှုန်းခံရမည်သာဖြစ်သည်။ တရုတ်နိုင်ငံအစိုးရနှင် ပြည်သူများသည် “အနာဂတ်၏လေ့လာရာသင်ခန်းစာအဖြစ် အတိတ်ဖြစ်ရပ်များကို မမေ့လျော့ရန်” အစဉ်အမြဲ လက်ကိုင်ထားခဲ့သည်။ ပြစ်မှုအတွက် သက်သေအား ထဲထဲဝင်ဝင်ရှာဖွေဖော်ထုတ်ခြင်း၊ မှတ်တမ်းများအား ထုတ်ပြန်ခြင်းသည် အမုန်းတရားကို ရှေ့ဆက်ရန်မဟုတ်ဘဲ ငြိမ်းချမ်းရေးအပေါ် တန်ဖိုးထားမှုနှင့် ခိုင်မြဲစွာ စောင့်ထိန်းမှုကို လှုံ့ဆော်ပေးရန်ပင်ဖြစ်သည်။

သမိုင်းတွင်ဖြစ်ပွားသော ကိစ္စရပ်များသည် ရှင်းလင်းတိကျပြီး နောင်လာနောက်သားများ ယင်းအပေါ် သင်ခန်းစာယူရန် သတိပေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်သည် နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးသွားသူများအတွက် ၁၂ ကြိမ်မြောက် နိုင်ငံတော် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့ဖြစ်သည်။ မိမိတို့က သေဆုံးသူများကို ဂါရဝပြုသည့် အရေးကြီးဆုံးနည်းလမ်းတစ်ခုမှာ သမိုင်း၏ဖြစ်ရပ်မှန်အား ကောင်းမွန်စွာ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းပင်ဖြစ်သည်။
အသစ်တွေ့ရှိသည့် မှတ်တမ်းတစ်ခုတိုင်းသည် သမိုင်း၏ သတိပေးချက်များဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူတိုင်း၏ သက်သေထွက်ဆိုချက်များသည် တရားမျှတမှုအတွက် ဟစ်ကြွေးသံများပင်ဖြစ်သည်။ မိမိတို့သည် အဆိုပါအမှတ်တရကို လူသားမျိုးနွယ်၏ ဘုံသမိုင်းအမွေအနှစ်များအဖြစ် ပြောင်းလဲပြီး တရုတ်နိုင်ငံအား ကျူးကျော်သည့် ဂျပန်စစ်တပ်၏ ပြစ်မှုကို ရှက်ရွံ့ဖွယ်စာရင်းတွင် ရာသက်ပန်ခတ်နှိပ်ထားကာ စစ်ဝါဒမိစ္ဆာကို လူ့လောကတွင် မည်သည့်အခါမျှ ဒုက္ခပေးခြင်းမပြုနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပေသည်။ (Xinhua)

#China #Japan #731Unit #တရုတ် #ဂျပန် #အမှတ်၇၃၁တပ်ဖွဲ့
—————————————
(Chinese Version)
新华时评丨铁证如山,真相昭然——731部队反人类罪行不容“洗白”
新华社北京12月14日电 题:铁证如山,真相昭然——731部队反人类罪行不容“洗白”   新华社记者
中央档案馆13日公布了一批由俄罗斯转交的苏联审讯日本731部队的解密档案材料。这批尘封已久、涵盖1939年5月至1950年12月的珍贵档案,再次将这支“恶魔部队”的反人类暴行暴露在世人面前。
这份铁证,补上了历史真相拼图的重要一角。它首次披露苏联在伯力审判前期的侦讯过程,发现与731部队罪行相关人员多达200余人。档案中,苏联医学、微生物学、寄生虫学等领域的院士专家联合开展的医学鉴定得出了一个科学而残酷的结论:日本人进行细菌研究的目的,就是利用细菌来大规模毁灭人类。这批档案,与我国保存的731部队遗址、罪行档案互补互证,形成了一条涵盖日军高级、中级、下级军官和人员的证据链,证实日本细菌战绝非个人行为,而是有组织、有预谋、自上而下成体系的国家犯罪。
近年来,随着中国研究机构对731部队罪证挖掘的不断深入,一批批尘封的档案重见天日。从2024年公布的731部队本部《身上申告书》,到2025年披露的数千页日军细菌战档案,一个个冷冰冰的日文名字、一份份详尽的实验数据、一张张残酷的现场照片,构成了无可辩驳的事实。还有来自日本国内的良知之声——日本广播协会电视台曾多次播放纪录片,以翔实影像揭露“精英‘医者’与人体实验”的丑陋嘴脸;2024年8月,94岁的731部队“少年队”原队员清水英男时隔79年重返哈尔滨谢罪。中、苏、日三方史料与证言的相互印证,让历史真相坚如磐石。
面对如此确凿的证据,日本国内部分政治势力依然选择性失明,甚至公然进行历史修正主义的操弄。他们或是企图通过修改教科书来扭曲下一代的历史观,或是以“科学研究”为幌子为战犯开脱,甚至在国际舞台上扮演“受害者”形象,妄图模糊侵略战争的性质,掩盖侵略罪行,美化侵略历史。这种逆历史潮流而动、挑战人类良知的行径,是对国际正义的公然挑衅。
现实的警钟振聋发聩。近年来,日本右翼势力在错误的道路上越走越远,从政客屡屡参拜供奉着甲级战犯的靖国神社,到妄图突破“和平宪法”束缚、大幅增加防卫预算强推扩军备战,一系列倒行逆施的举动,无不让人警觉军国主义的死灰复燃与蠢蠢欲动。这种对历史底线的不断突破,是对二战后国际秩序的挑战,必须引起全世界爱好和平国家和人士的高度警惕与坚决抵制。
历史不容篡改,罪孽无法洗刷。任何试图为731部队“洗白”的行径,在铁一般的史实面前都将碰得粉碎。中国政府和人民历来主张“前事不忘,后事之师”。深挖罪证、公布档案,绝非为了延续仇恨,而是为了唤起对和平的珍视与坚守。
昭昭前事,惕惕后人。2025年12月13日是第十二个南京大屠杀死难者国家公祭日,我们祭奠逝者的一个极其重要方式,就是守护和捍卫好历史的真相:每一份新发现的档案,都是历史发出的警示;每一位幸存者的证言,都是正义的呐喊。我们要将这些记忆固化为人类共同历史遗产,将侵华日军的罪行永久地钉上耻辱柱,让军国主义的恶魔永不再危害人间。(完)
图说1:这是解密的档案。新华社记者 李鑫 摄
图说2:9月18日,人们在侵华日军第七三一部队罪证陈列馆参观。新华社记者 王建威 摄
图说3:这是9月17日拍摄的电影《731》拍摄历程特展现场。新华社记者 张涛 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.