Asia
မုန်တိုင်း Ditwah တိုက်ခတ်ပြီးနောက် သီရိလင်္ကာနိုင်ငံအတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှုကို IMF ခွင့်ပြု
ကိုလံဘို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အမှုဆောင်ဘုတ်အဖွဲ့သည် သီရိလင်္ကာနိုင်ငံအတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှုကို ဒီဇင်ဘာ ၂၀ ရက်က ခွင့်ပြုခဲ့ပြီး ယင်းမှာ Ditwah မုန်တိုင်းတိုက်ခတ်မှုအပြီးတွင် အရေးတကြီးလိုအပ်ချက်များကို ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တစ်ခုအရ သိရသည်။အဆိုပါထောက်ပံ့ငွေကို Rapid Financing Instrument (RFI) အစီအစဉ်အရ ဆောင်ရွက်ထားခြင်းဖြစ်ပြီး သီရိလင်္ကာနိုင်ငံအတွက် ခွဲတမ်း၏ ၂၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း IMF က ထုတ်ပြန်ခဲ့သည်။ သီရိလင်္ကာနိုင်ငံအနေဖြင့် အဆိုပါမုန်တိုင်းဘေးအန္တရာယ်ကြောင့် လက်ငင်းစီးပွားရေးကျဆင်းမှုကို တုံ့ပြန်နေစဉ် မက်ခရိုစီးပွားရေးတည်ငြိမ်မှုအား ကူညီထိန်းသိမ်းပေးရန် ၎င်းအရေးပေါ်ထောက်ပံ့မှုက ရည်ရွယ်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းကြောင့် သီရိလင်္ကာနိုင်ငံတွင် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်တည်ဆောက်ရေးလိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ပြီး သိသာထင်ရှားသော ဘဏ္ဍာရေးဖိအားများနှင့် ငွေပေးငွေယူလက်ကျန် (balance-of-payments) လိုအပ်ချက်များကို ဖြစ်ပေါ်စေကြောင်း IMF ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာနှင့် ယာယီဥက္ကဋ္ဌ Kenji Okamura က ပြောကြားခဲ့သည်။ IMF ထံမှ အဆိုပါ အရေးပေါ်ငွေကြေးထောက်ပံ့မှုသည် ယင်းဖိအားများကို ဖြေရှင်းပေးမည်ဟု ခန့်မှန်းရသည်။
IMF အနေဖြင့် ဤခက်ခဲသောကာလအတွင်း သီရိလင်္ကာပြည်သူများနှင့်အတူ ရပ်တည်ပြီး သီရိလင်္ကာနိုင်ငံ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဟုလည်း အိုကာမူရာက အဆိုပါဘေးအန္တရာယ်နှင့် ရင်ဆိုင်ရာတွင် လျင်မြန်စွာ တုံ့ပြန်နိုင်မှုအတွက် သီရိလင်္ကာအစိုးရအား ချီးကျူးဂုဏ်ပြုလျက် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
#InternationalMonetaryFund #IMF #SriLanka #CycloneDitwah #နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ #ဆိုင်ကလုန်း #သီရိလင်္ကာ
……………………………………………………………..
(English Version)
IMF approves emergency financing for Sri Lanka after Cyclone Ditwah
COLOMBO, Dec. 20 (Xinhua) — The Executive Board of the International Monetary Fund (IMF) on Friday approved an emergency financing of 206 million U.S. dollars for Sri Lanka, in a bid to help it address urgent needs following Cyclone Ditwah, according to a press release.
The IMF said the disbursement is made under the Rapid Financing Instrument, and is equivalent to 26 percent of Sri Lanka’s quota. It noted that the emergency support is intended to help preserve macroeconomic stability while the country responds to the immediate economic fallout from the disaster.
IMF Deputy Managing Director and Acting Chair Kenji Okamura said the cyclone has created urgent humanitarian and reconstruction needs in Sri Lanka, generating significant fiscal pressures and balance-of-payments needs. The emergency financial support from the IMF is expected to address these pressures.
Commending the Sri Lankan government for its swift response in the face of disaster, Okamura said that the IMF stands with the people of Sri Lanka during this difficult time and will continue to support Sri Lanka’s recovery and reconstruction efforts. ■
English Caption
This photo taken on Dec. 12, 2025 shows a damaged house affected by Cyclone Ditwah in Badulla District, Sri Lanka. (Photo by Ajith Perera/Xinhua)
