Connect with us

Media

မိုခါ ဆိုင်ကလုန်း အရှိန်ကြောင့် ရန်ကုန် မြို့နယ်အချို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် မေ ၁၁ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့နေပြည်သူများထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်တစ်ချို့တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အပါအဝင် မြို့နယ်တစ်ချို့တွင် ရေကြီးရေလျှံမှုများ ၊ နေအိမ်အတွင်းသို့ ရေဝင်ရောက်မှုများနှင့် သစ်ပင်လဲကျမှုများ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။ (Xinhua)