Connect with us

Asia

မြောက်ကိုးရီးယား နိုင်ငံ (DPRK) တွင် သြဂုတ်လ ၁ ရက်နေ့ မှ စတင်၍ လွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးသွားမည် ဟု ကြေညာ

မြောက် ကိုးရီးယား နိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအမ်း (Kim Jong-un) အား တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယား နိုင်ငံ ဗဟို ပြန်ကြားရေး ဌာန၏ သတင်း ထုတ်ပြန်ချက်အရ မြောက်ကိုးရီးယား နိုင်ငံ လွတ်လပ်ရေး ၇၀ ပြည့်နှစ် အထိမ်းအမှတ် ( သြဂုတ်လ ၁၅ ရက်) နှင့် မြောက်ကိုးရီးယား နိုင်ငံ အလုပ်သမားပါတီ ထူထောင်ခြင်း ၇၀ ပြည့်နှစ် အထိမ်းအမှတ် (အောက်တိုဘာ ၁၀ ရက်) တို့အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြောက်ကိုးရီးယား နိုင်ငံတွင် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ လွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံ ပြည်သူ့လွှတ်တော် အမြဲတမ်း ကောင်စီဝင် အစည်းအဝေး မှ ဇူလိုင်လ ၉ ရက်နေ့ က အတည်ပြု လိုက်သည့် ဥပဒေ ကြေညာချက်တွင် သြဂုတ်လ ၁ ရက်နေ့ မှ စတင်၍ လွတ်ငြိမ်းချမ်းသာ ခွင့်များ ပေးသွားမည် ဟု ကြေညာ ခဲ့သည်။ မြောက်ကိုးရီးယား ထိပ်တန်း အရာရှိများနှင့် သက်ဆိုင်ရာ ဌာန များမှ သင့်လျှော်သော ဆောင်ရွက်မှုများ ပြုလုပ်ကာ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိသူများ အလုပ်နှင့် လူနေမှု ဘဝ ပြန်လည် ထူထောင်ရန် အတွက် ထောက်ပံ့မှု များပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း ထုတ်ပြန်ချက် တွင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့်သူ အမည်စာရင်းနှင့် လူဦးရေ မပါဝင်ခဲ့ပါ။ ထို့ပြင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြီးဆုံးမည့် ရက်လည်း မဖော်ပြထား ခဲ့ပါ။

မြောက်ကိုးရီးယား နိုင်ငံမှ ယခင် အကြိမ်က လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့သည် မှာ ၂၀၁၂ ခုနှစ်က ဖြစ်သည်။ ထိုအချိန် တွင် Kim Il-sung နှစ်တစ်ရာ မွေးနေ့ အထိမ်းအမှတ် (ဧပြီ ၁၅ ရက်) နှင့် Kim Jong-il နှစ် ၇၀ မွေးနေ့ အထိမ်းအမှတ် (ဖေဖော်ဝါရီ ၁၆ ရက်) တို့အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေး ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.