Connect with us

Asia

အီရန် နျူကလီးယား ဆွေးနွေးပွဲ အား ဇူလိုင် ၁၃ ရက်နေ့ အထိ တိုးမြှင့်

အီရန် နျူကလီးယား ဆွေးနွေးပွဲ မြင်ကွင်း (ဆင်ဟွာ)

ဗီယန်နာ ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီးယူ နိုင်ငံမှ အရာရှိများမှ ဇူလိုင်လ ၁၀ ရက်နေ့က အီရန် နျူကလီးယား ပြဿနာ နှင့် ပတ်သက်၍ ဘက်စုံ သဘောတူညီမှု ဆွေးနွေးပွဲ အား ဆွေးနွေးမှု အတွက် ပိုမို ပြည့်ဝသည့် အချိန် ရရှိနိုင်ရန် ပြီးဆုံးရက် ကို ၁၃ ရက်နေ့ အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ပြောကြား ခဲ့သည်။ ဤသည်မှာ အချိန် နှစ်ပတ် ကြာမြင့်နေပြီ ဖြစ်သော အီရန် နျူ ဆွေးနွေးပွဲ ၏ နောက်တစ်ကြိမ် အချိန် ရွှေ့ဆိုင်းမှု ထုတ်ပြန် ခြင်းဖြစ်သည်။

အီရန် နျူပြဿနာ ဆွေးနွေးပွဲတွင် ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံ (အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ) နှင့် အီရန် နိုင်ငံ တို့သည် ဇွန်လ ၃၀ ရက်နေ့ နှင့် ဇူလိုင်လ ၇ ရက်နေ့ သတ်မှတ် ရက် နှစ်ခု တွင်လည်း သဘောထား ကွဲလွဲမှု များအတွက် သဘောတူညီမှု မရရှိနိုင်ခဲ့သောကြောင့် ဆွေးနွေးပွဲ သတ်မှတ် ရက်အား အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မှ “ကျွန်တော် တို့အနေဖြင့် အဓိက ကွဲလွဲမှု များကို ဖြေရှင်း နိုင်ခဲ့ပြီး တိုးတက်မှု အချို့လည်း ရရှိထားပါပြီ။ လက်ရှိ အခြေအနေသည် အပြုသဘောဆောင် သည့် အခြေအနေ အတွက် ပြည့်စုံမှု ရှိတယ်” ဟု ပြောကြား ခဲ့သည်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Philip Hammond မှ တိုးတက်မှု အခြေအနေသည် အင်မတန် နှေးကွေးကြောင်း” ဟု ပြောကြား ခဲ့သည်။

သတင်း အချက်အလက် များအရ အချိန် တစ်နှစ်ခွဲကြာ ကြာမြင့် ခဲ့သည့် အီရန်နျူ ဆွေးနွေးပွဲကြီးတွင် အီရန် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံ နှင့် အီရန် နိုင်ငံ တို့မှ သမိုင်းဝင် ဘက်စုံ သဘောတူညီမှု ရ ၊ မရ ကို နောက် ၃ ရက် အကြာ တွင် အဖြေ သိရှိရ တော့မည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117