Asia
ဂျပန် နိုင်ငံ Ogasawara ကျွန်းစု ပင်လယ်ပြင် တွင် ရစ်ချ်တာစကေး ၈.၅ ရှိ ငလျင် လှုပ်ခတ်

တိုကျို ၊ မေ ၃၀ ရက် (ဆင်ဟွာ)
ဂျပန် နိုင်ငံ မိုးလေဝသ ဌာန သတင်းထုတ်ပြန်ချက်အရ မေလ ၃၀ ရက်နေ့ ဒေသ စံတော်ချိန် ည ၈ နာရီ ၂၄ မိနစ်တွင် ဂျပန်နိုင်ငံ Ogasawara ကျွန်းစု ပင်လယ်ပြင် တွင် ရစ်ချ်တာစကေး ၈.၅ ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။ တိုကျို နှင့် အခြား မြို့များတွင် ငလျင် ကို ခံစားရနိုင်ကြောင်း ၊ လက်ရှိချိန်ထိ ထိခိုက် ဒဏ်ရာ စာရင်း မရရှိသေးကြောင်း သိရှိရသည်။
ဂျပန် နိုင်ငံ မိုးလေဝသ ဌာန မှ ငလျင် ဗဟိုသည် Ogasawara ကျွန်း အနောက်ဘက် ပင်လယ်ပြင် မှ စတင်ခဲ့ပြီး ငလျင် အနက်မှာ ၅၉၀ ကီလိုမီတာ ရှိကြောင်း သိရှိရသည် ။ ငလျင် ဗဟို နှင့် ကီလိုမီတာ ၁၀၀၀ ကျော် ကွာဝေး သည့် တိုကျို မြို့တွင်လည်း ငလျင် ကြောင့် တုန်ခါမှု ဖြစ်ခဲ့ကြောင်း ၊ ဂျပန် နိုင်ငံ Kanto နှင့် Tohoku ဒေသ များတွင်လည်း သိသာစွာ တုန်ခါခဲ့ပြီး တိုကျို မြို့ တွင် စက္ကန့် ၃၀ ခန့် တုန်ခါ ခဲ့ကြောင်း သိရှိရသည်။
Ogasawara ကျွန်းစု ရှိ ဒေသခံ ၏ ပြောကြားချက်အရ ငလျင်သည် တစ်မိနစ်ခန့် တုန်ခါ ခဲ့ကြောင်း သိရှိရသည် ။ ဂျပန် နိုင်ငံ မိုးလေဝသ ဌာန ၏ ပြောကြားချက်အရ ယခု ဖြစ်ပွားသည့် ငလျင်သည် ဆူနာမီ မဖြစ်ပွား နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)