Connect with us

Asia

တောင်ကိုရီးယားတွင် မားစ်ရောဂါ ဖြစ်ပွား နေသောကြောင့် ရာပေါင်း များစွာသော တရုတ်ခရီးသည်များ ခရီးစဉ်များ ဖျက်သိမ်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်များ မားစ် ရောဂါ ကူးဆက် မှုကို ကာကွယ်ရန်အတွက် နှာခေါင်းစည်း များတပ်ထားသည်ကို တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) တွင် မားစ် (MERS) ရောဂါ ဖြစ်ပွား နေသောကြောင့် ရာပေါင်း များစွာသော တရုတ်ခရီးသည် များသည် ၎င်းတို့၏ ခရီးစဉ်များ ဖျက်သိမ်း ခဲ့သည်။ တောင်ကိုရီးယား နိုင်ငံတွင် ပြင်းထန်သော မားစ် ရောဂါကြောင့် လူ၂ ဦး သေဆုံး ခဲ့ပြီး တတိယ အဆင့် ရောဂါ ကူးစက်မှုများကို ဇွန်လ ၂ ရက်နေ့တွင် တွေ့ရှိ ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ၏ ထိပ်တန်း ခရီးသွား အေဂျင်စီ တစ်ခု ဖြစ်သည့် ဟန်နာ (Hana) ခရီးသွား လုပ်ငန်း က တရုတ် ခရီးသည် ၃၀၀ ခန့်သည် မားစ် ရောဂါ ကူးစက်မှုကို စိုးရိမ်သောကြောင့် တောင်ကိုရီးယားသို့ လည်ပတ်မည့် ခရီးစဉ်ကို ဖျက်သိမ်း ခဲ့ကြောင်း ပြောကြားသည်ဟု တောင်ကိုရီးယား မီဒီယာ Yonhap သတင်းဌာနတွင် ဖော်ပြထားသည်။

ဒုတိယ အကြီးဆုံး ခရီးသွား အေဂျင်စီ တစ်ခု ဖြစ်သည့် Mode ခရီးသွား လုပ်ငန်းကလည်း ၎င်းတို့ထံတွင် ခရီးစဉ် ဖျက်သိမ်းသည့် တရုတ်ခရီးသွား ဦးရေကို တွက်ချက်မှု မပြီးဆုံးသေးသော်လည်း ခရီးစဉ် ဖျက်သိမ်းသူဦးရေ များလာနိုင်ချေ ရှိကြောင်း ဆိုသည်။

မေလ ၂ ရက် နေ့အထိ ရရှိသော စာရင်းများအရ တောင်ကိုရီးယားတွင် ၎င်း ဗိုင်းရပ်စ် ကူးစက်မှုမှာ ၂၅ ဦး အထိ တရှိန်ထိုး မြင့်တက် လာသည်။ ဆော်ဒီ အာရေးဗျနှင့် ယူအေအီး နိုင်ငံများ ပြီးလျှင် တောင်ကိုရီးယား နိုင်ငံသည် ရောဂါ ကူးစက်မှု တတိယ အများဆုံး ဖြစ်သည်။

တောင်ကိုးရီးယားတွင် မေလ ၂၀ ရက်နေ့၌ မားစ်ရောဂါ ကူးစက်မှုကို စတင်တွေ့ရှိခဲ့ပြီး ဇွန်လ ၁ ရက် နှင့် ဇွန်လ ၂ ရက် ရောဂါ ကူးစက်ခံရသူများမှ နှစ်ဦး ကွယ်လွန် ခဲ့သည်။

မားစ်ရောဂါ (သို့မဟုတ်) အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်း ရောဂါ (MERS=Middle East Respiratory Syndrome) သည် ကိုရိုနာ ဗိုင်းရပ်စ် (Corona – Virus) အသစ်တစ်မျိုးကြောင့် ဖြစ်သော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက် ရောဂါ တစ်မျိုး ဖြစ်သည်။ ၎င်း ဗိုင်းရပ်စ် သည် ဆားစ်ရောဂါ (SARS = Severe Acute Respiratory Syndrome)ကိုဖြစ်ပေါ်စေသော ဗိုင်းရပ်စ်နှင့် အသွင်တူသည်။ ၎င်းအတွက် ကာကွယ်ဆေးနှင့် ကုသနိုင်မှု မရှိသေးဘဲ ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးနိုင်မှု ၄၀.၇ ရာခိုင်နှုန်း အထိ ရောက်ရှိလာသည်။

ပထမ ဆုံးအကြိမ် အဖြစ် ၂၀၁၂ ခုနှစ်တွင် ဆော်ဒီ အာရေးဗျ ၌ မားစ်ရောဂါ ဖြစ်ပွား ခဲ့သည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးတွင် မားစ် ရောဂါ ဖြစ်ပွားမှု ၁,၀၀၀ ကျော်ရှိကာ သေဆုံးမှု ၄၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.