Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြစ်ကူးတံတား Padma တံတားတည်ဆောက်မှု သံဘောင်၂၉ ခုတပ်ဆင်ပြီးစီး

တရုတ်နိုင်ငံ တံတားအင်ဂျင်နီယာအုပ်စုမှ တာဝန်ယူတည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး မြစ်ကူးတံတားစီမံကိန်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ မေ ၆ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကြောင့် တစ်နိုင်ငံလုံး lockdown ချထားစဉ်အတွင်းမှာပင် တရုတ်နိုင်ငံမှ တည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြစ်ကူးတံတားကြီးဖြစ်သော Padma မြစ်ကူးတံတား၏ သံဘောင်(ရက်မ) ၂၉ ခုကို ချိတ်ဆက် တပ်ဆင်ပေးနိုင်ခဲ့ကြောင်း နှင့် ယင်းအတွက် တံတား၏ အရှည်ကို ၄.၃၅ ကီလိုမီတာထိ ချိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Padma ဘက်စုံသုံးတံတားတည်ဆောက်ရေးစီမံကိန်း အကြီးတန်းအင်ဂျင်နီယာ ဘင်္ဂလားဒေ့ရှ်လူမျိုး Dewan Abdul Quader က သတင်းထောက်များအား ပြောကြားရာတွင် တရုတ်နိုင်ငံ ရထားပို့ဆောင်ရေးလမ်းတံတား အင်ဂျင်နီယာအုပ်စု(MBEC) အနေဖြင့် တံတားသံဘောင် (ရက်မ) တပ်ဆင်ခြင်းလုပ်ငန်းကို မေ ၄ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ တံတားအင်ဂျင်နီယာအုပ်စုမှ တာဝန်ယူတည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး မြစ်ကူးတံတားစီမံကိန်းအားတွေ့ရစဉ်(ဆင်ဟွာ)

တံတားတိုင် အမှတ် ၁၉ နှင့် ၂၀ ကြားကို ချိတ်ဆက်ပေးမည့် တန်ချိန် ၃,၂၀၀ ခန့်ရှိသော သံဘောင်(ရက်မ) ကြီးကို တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။အရှည် ၁၅၀ မီတာရှိသော သံဘောင်ကြီးကို တင်ဆင်ခဲ့ခြင်းနှင့်အတူ ရက်မပေါင်း ၄၁ ခုပါရှိသည့် ပင်မတံတားအရှည် ၆.၁၅ ကီလိုမီတာ အနက် ရက်မပေါင်း ၂၉ ခု တပ်ဆင်ပြီးစီးချိန်တွင် တံတားအရှည် ၄.၃၅ ကီလိုမီတာအထိ ချိတ်ဆက်ထားပြီးဖြစ်သည်ကို ယခုအခါ မြင်တွေ့နေရပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တံတားအင်ဂျင်နီယာအုပ်စုမှ တာဝန်ယူတည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး မြစ်ကူးတံတားစီမံကိန်းအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ တံတားအင်ဂျင်နီယာအုပ်စုမှ တာဝန်ယူတည်ဆောက်ပေးနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး မြစ်ကူးတံတားစီမံကိန်းအားတွေ့ရစဉ်(ဆင်ဟွာ)

COVID-19 ကူးစက်ပျံ့နှံ့နေစဉ်မှာပင် Padma တံတားအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံမှ တာဝန်ယူတည်ဆောက်နေသော ဆောက်လုပ်ရေးလုပ်ငန်းများစွာ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။တံတား၏ နောက်ထပ် သံဘောင်ရက်မတပ်ဆင်ခြင်းလုပ်ငန်းကို ယခုလ နှောင်းပိုင်းတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ကြောင့် မတ် ၂၆ ရက်မှ စတင်ကာ နိုင်ငံအဝှမ်း lockdown ချထားလင့်ကစား တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရန် MBEC က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းအင်ဂျင်နီယာက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာစီနာက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် Padma တံတားတည်ဆောက်ရေး စတင်ခြင်း အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယင်းတံတားသည် နိုင်ငံ၏ အကြီးဆုံး မြစ်ကူးတံတားတစ်စင်းဖြစ်လာမည်ဖြစ်သည်။တံတားတည်ဆောက်မှုပြီးစီးသွားပါက ဘင်္ဂလားဒေ့ရှ်ပြည်သူ သန်းပေါင်း ၃၀ နီးပါးကို အနောက်တောင်ပိုင်းဒေသမှ တစ်နိုင်ငံလုံးသို့ ဆက်သွယ်ပေးနိုင်မည်ဖြစ်ကြောင်း နှင့် ယင်းတံတားသည် အာရှအဝေးပြေးလမ်းမ အမှတ် (၁) နှင့် အာရှဖြတ်ကျော်ရထားလမ်းကွန်ရက်တို့နှင့်ပါ ချိတ်ဆက်နိုင်မည်ဖြစ်ကာ ဒေသတွင်း ကုန်သွယ်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.