Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်း က Suncheon ဖော့စဖိတ် ဓာတ်မြေသြဇာ ထုတ်လုပ်မှု စက်ရုံဖွင့်ပွဲအခမ်းအနားအား တက်ရောက်

မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်း က Suncheon ဖော့စဖိတ် ဓါတ်မြေသြဇာ ထုတ်လုပ်မှု စက်ရုံ အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ် (ဆင်ဟွာ/KCNA)

ပြုံယမ်း ၊ မေ ၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ နိုင်ငံပိုင် သတင်းဌာန ၏ မေလ ၂ ရက် ဖော်ပြချက်အရ မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်း က မေလ ၁ ရက် တွင် Suncheon ဖော့စဖိတ် ဓါတ်မြေသြဇာ ထုတ်လုပ်မှု စက်ရုံဖွင့်ပွဲအခမ်းအနားအား တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက် အရ မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်း က ကြိုဆိုခြင်း သီချင်း ဖြင့် စက်ရုံ အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

Suncheon ဖော့စဖိတ် ဓါတ်မြေသြဇာ ထုတ်လုပ်မှု စက်ရုံ က မြောက်ကိုရီးယား နိုင်ငံ ၏ အရေးပါသည့် စီမံကိန်း ဖြစ်ပြီး ကင်ဂျုံအန်း အနေဖြင့် စက်ရုံ တည်ဆောက်နေချိန် တွင် တည်ဆောက်မှု လုပ်ငန်း အား လက်တွေ့ကွင်းဆင်း ညွှန်ကြားမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။  (Xinhua)