Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်  ရုရှားနိုင်ငံ သမ္မတ ပူတင်၏ အထိမ်းအမှတ်ဆုတံဆိပ် လက်ခံ

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းတို့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ မေ ၆ ရက် (ဆင်ဟွာ) 

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) သည် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံ၏ စစ်အောင်နိုင်ခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွင် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်ထံမှ ပေးအပ်သော အထိမ်းအမှတ်ဆုတံဆိပ်ကို လက်ခံရရှိခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းဌာနက မေ ၆ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

“၁၉၄၁-၁၉၄၅ အတွင်း ရုရှားနိုင်ငံ၏ ကြီးမားသည့်မျိုးချစ်စိတ်ဖြင့်စစ်ပွဲ အောင်နိုင်ခြင်း” ၇၅ နှစ်မြောက် အထိမ်းအမှတ်ဆုတံဆိပ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို  မေ ၅ ရက်တွင် ပြုံယမ်းမြို့ရှိ မန်ဆူဒဲအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း KCNA က ပြောကြားခဲ့သည်။အဆိုပါ အထိမ်းအမှတ်ဆုတံဆိပ်ကို မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး မတ်ဆီဂိုရာ( Alexandr Matsegora) က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီဆန်ဂွန်း (Ri Son Gwon) ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်ဖြစ်ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။  (Xinhua)