ဒီလီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ နှင့် ဒေသတွင်းစီးပွားရေးတို့နှင့်ပတ်သက်၍ အလွန်အလေးထားပြီး အာရှအတွင်းရှိ နိုင်ငံအများအပြားကို ပံ့ပိုးကူညီရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း တီမောလက်စ်တေ့နိုင်ငံ သမ္မတ Jose Ramos-Horta က ပြောကြားခဲ့သည်။
ကိုလံဘို ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဝါးအကူအညီ ပထမအသုတ်သည် သီရိလင်္ကာနိုင်ငံ Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနိုင်ငံက ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် စိန်ခေါ်မှုများအား ဖြစ်နိုင်သမျှလမ်းကြောင်းများမှတစ်ဆင့် အပြည့်အဝဆက်စပ်ကာ ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းအတွင်းမှ အကူအညီများ ဆက်လက်ပေးအပ်သွားမည်...
ဒီလီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တီမောလက်စ်တေ့နိုင်ငံသမ္မတ Jose Ramos-Horta သည် တီမောနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် တွေ့ဆုံစဉ် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု နှင့် ဘက်ပေါင်းစုံဝါဒထိန်းသိမ်းမှု တိုးမြှင့်ရန် ဘုံသဘောတူညီသည့်စိတ်ဆန္ဒရှိကြောင်း ဇွန် ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇွန် ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဆရာဝန်များသည် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတွင် မျောက်ကျောက်ရောဂါနှင့် အလားသဏ္ဍာန်တူသည့် လက္ခဏာ အားတွေ့ရှိရကြောင်း ဆရာဝန်များက ဇန်နဝါရီ ၄ ရက်တွင်ပြောခဲ့သည်။ ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် အဆိုပါသံသယလူနာနှင့် ပတ်သက်၍...
ကူမင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြေးဆွဲမှုသည် ဇွန် ၃ ရက်တွင် နှစ်ဝက်ရှိလာပြီဖြစ်ရာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ပမာဏနှင့် အရည်အသွေး ကဏ္ဍနှစ်ခုလုံး တိုးတက်လာသလို နိုင်ငံတကာ ရွှေရောင် ကုန်စည်ထောက်ပို့ရေး လမ်းကြောင်း၏ အသုံးဝင်မှု အခန်းကဏ္ဍမှာလည်း ပိုမိုသိသာလာခဲ့သည်။ ဇွန် ၂...
ကွာလာလမ်ပူ၊ ဇွန် ၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ Zoo Negara တိရစ္ဆာန်ဥယျာဉ် ပန်ဒါဝက်ဝံစောင့်ရှောက်ရေးစင်တာတွင် အသက် (၁)နှစ်ပြည့် ပန်ဒါဝက်ဝံလေး “Sheng Yi”က အထူးကိတ်မုန့်စားသုံးပြီး မွေးနေ့ပွဲပါတီကို မေ ၃၁ ရက်(အင်္ဂါနေ့)တွင် ဆင်နွှဲခဲ့သည်။
စင်ကာပူ၊ ဇွန် ၁ ရက်(ဆင်ဟွာ) စင်ကာပူ-တရုတ် ဆက်ဆံရေးသည် အခြေခံအုတ်မြစ် ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍကျယ်ပြန့်ရာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးသည် ကဏ္ဍသစ်သို့ မပြတ် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံသမ္မတ ဟာလီမာယာကွတ်(Halimah Yacob)က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာတောင့်တင်းစေရေး ၊ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရေး နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နှင့် လုပ်ဆောင်ရန် အသင့်ရှိကြောင်း မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း ၊ မေ ၃၁ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြို့သည် COVID-19 အလုံးစုံအန္တရာယ် ထိန်းချုပ်ဟန့်တားရေး လုပ်ဆောင်ခဲ့ပြီးနောက်တွင် ဇွန် ၁ ရက်မှစတင်ကာ မြို့အနှံ့ ထုတ်လုပ်မှု နှင့် လူနေမှု ပုံမှန်အစီအစဉ်အား နဂိုမူလအတိုင်း အပြည့်အဝ ပြန်လည် နေထိုင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ယနေ့ မေ ၃၁ ရက်တွင်...
ဂျကာတာ၊ မေ ၃၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ သင်္ဘောနစ်မြုပ်သွားသောနေရာ၏ အရှေ့မြောက်ဘက် ရေမိုင် ၄၅ မိုင် (၈၃ ကီလိုမီတာခန့်) အထိ ရှာဖွေရေးနေရာကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက မေ ၃၀ ရက်၌ ပြောကြားခဲ့သည်။