ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ပဋိပက္ခသည် ၁၆ ရက် ဆက်တိုက်ရှိလာပြီဖြစ်ရာ လက်ရှိ အရပ်သားသေဆုံးသူ ၂၀ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံစစ်တပ်ဘက်က “အရပ်သားနေထိုင်ရာရပ်ကွက်သို့ လက်နက်ခဲယမ်းပစ်ခတ်မှုများကြောင့်...
ပြုံယမ်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က ဒီဇင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဂျပန်သုတေသနဌာန အကြီးအကဲ၏ ပြောကြားချက်များကို ထုတ်ပြန်ခဲ့ရာ ဂျပန်၏ လုံခြုံရေးမူဝါဒ ကြီးကြီးမားမား ပြင်ဆင်ချိန်ညှိမှုကို ပြစ်တင်ရှုတ်ချပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်လိုသော ဂျပန်၏...
ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းတပ်ဖွဲ့များက သတ်မှတ်နေရာအားလုံးနီးပါးကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များကို ရုပ်သိမ်းရန် တောင်းဆိုထားကြောင်း၊ ယင်းနေရာကို တိုက်ပွဲအသစ်ဖြစ်ပွားမှုများမှ ကာကွယ်ရန် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က ဒီဇင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် မည်သည့်...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်သည် F-16 တိုက်လေယာဉ် စေလွှတ်ကာ ကမ္ဘောဒီးယားရှိ ကွန်ကရစ်တံတားတစ်စင်းကို ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခြင်းက ဂျပန်နိုင်ငံအတွက် လုံးဝအကျိုးပြုနိုင်မည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှိဂဲရု အီရှီဘာက ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားလျက် ဂျပန်အနေဖြင့် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသင့်သည်ဟူသော ဂျပန်အစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး၏ အငြင်းပွားဖွယ် မှတ်ချက်စကားကို တုံ့ပြန်ခဲ့သည်။
ကိုလံဘို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အမှုဆောင်ဘုတ်အဖွဲ့သည် သီရိလင်္ကာနိုင်ငံအတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှုကို ဒီဇင်ဘာ ၂၀ ရက်က ခွင့်ပြုခဲ့ပြီး ယင်းမှာ Ditwah မုန်တိုင်းတိုက်ခတ်မှုအပြီးတွင် အရေးတကြီးလိုအပ်ချက်များကို ဖြေရှင်းရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ဆက်ဆံရေး နိုင်ငံတကာအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နာရာခရိုင်တရားရုံးသည် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုအတွက် ခုံရုံးဖွင့်ကြားနာခဲ့ရာ အစိုးရရှေ့နေက တရားရုံးအနေဖြင့် တရားခံ Tetsuya Yamagami ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ရန် အကြံပြုခဲ့သည်။
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အာဆီယံစောင့်ကြည့်ရေးအဖွဲ့ငယ် ဖြန့်ကြက်ထားရန် ထိုင်း-ကမ္ဘောဒီယား နှစ်နိုင်ငံစလုံးက သဘောတူညီပြီးဖြစ်ကြောင်း၊ မလေးရှားစစ်တပ် အကြီးအကဲက လာမည့်ရက်ပိုင်းအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကို သွားရောက်ကာ စစ်ရေးအလွှာတွင် ထိတွေ့ဆက်ဆံမှုနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီဇင်ဘာ ၁၇...
ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ထိုင်းစစ်တပ်က ကမ္ဘောဒီးယား ပိုင်နက်နယ်မြေအပေါ် အဆက်မပြတ် ဗုံးကြဲမှုနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် ကမ္ဘောဒီးယား အရပ်သားပြည်သူ ၁၇ ဦးသေဆုံးကာ ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဒီဇင်ဘာ...