ပေကျင်း ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုအား ထိန်းသိမ်းကာ အနှောင့်အယှက်အဟန့်အတားများအား ဖယ်ရှားပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်တစ်ခုအား အတူတကွဖွင့်လှစ်သင့်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 မျိုးဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်သော အိုမီခရွန် (Omicron) ကူးစက်မှုအသစ် ၄၅ ဦးရှိလာပြီးနောက် စုစုပေါင်းရောဂါကူးစက်မှုအရေအတွက်မှာ ၃၃၂ ဦးအထိရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်၌ ပြောကြားခဲ့သည်။
နယူးယောက်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ Phyongan ပြည်နယ်မြောက်ပိုင်းတွင် မီးရထားပေါ်မှတင်ဆောင်ပစ်ခတ်နိုင်သော ဒုံးကျည်များ၏ လုပ်ဆောင်နိုင်မှုနည်းလမ်းများအား စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းအတွက် ပစ်ခတ်လေ့ကျင့်မှုကို ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် Korean Central News Agency (KCNA) က...
နယူးဒေလီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဇန်နဝါရီ ၁၃ ရက်က ရထားတိမ်းမှောက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ဇန်နဝါရီ ၁၄ ရက်၌ ၉ ဦးအထိရှိလာခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့မှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း ရထားလုပ်ငန်းဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Anshul Gupta က အတည်ပြုပြောကြားခဲ့သည်။...
ဟနွိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီမှတာဝန်ယူတည်ဆောက်ထားသော ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး မြို့ပြရထားလမ်း စီမံကိန်း Cat Linh-Ha Dong ရထားလမ်း ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်က ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း၌ ကျင်းပခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xiong...
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆောက်လုပ်ရေးသမား၏ ကြွယ်ဝသည့်အတွေ့အကြုံနှင့် ကျွမ်းကျင်သောနည်းပညာဗဟုသုတများက မလေးရှား အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း (ECRL) တည်ဆောက်မှုတွင် အကျိုးဖြစ်ထွန်းကြောင်း မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Wee Ka Siong က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။ မလေးရှား ပို့ဆောင်ရေးဝန်ကြီး Wee Ka...
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီယားနိုင်ငံ၏ မြေမြှုပ်မိုင်းရှာ ရွှေတံဆိပ်ဆုရ သူရဲကောင်း ကြွက်ကလေး မက်ဂါဝါသည် အသက် ၈ နှစ်တွင် သေဆုံးသွားကြောင်း ပရဟိတအဖွဲ့ Apopo က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာရေးပွဲတော် ရောက်ရှိတော့မည့်အချိန်နှင့်အတူ လူပေါင်း ၁ သန်း နီးပါးက အိန္ဒိယနိုင်ငံ အနောက် ဘန်ဂေါပြည်နယ် တောင်ပိုင်းရှိ ကျွန်းလေးတစ်ကျွန်းသို့ လာရောက် ဘုရားဖူးပြီး စုပြုံရေချိုးကြမည်ဟု ခန့်မှန်းရကြောင်း ယင်းပြည်နယ်အရာရှိတစ်ဦးက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်းနှင့် အခြားထိပ်တန်း ခေါင်းဆောင်များ၏ ကြီးကြပ်မှုဖြင့် နောက်ဆုံးပေါ် အသံထက်မြန်သော “ဟိုက်ပါဆိုးနစ် (hypersonic) ထိပ်ဖူးတပ်ဆင်ထားသော ဒုံးကျည်” စမ်းသပ်မှုကို ဇန်နဝါရီ ၁၁ ရက်၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း Korean Central...
ဘန်ကောက် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) Nakhon Pathom ပြည်နယ်ရှိ သားသတ်ရုံတစ်ခုမှ စုဆောင်းရယူထားသည့် မြေပြင်ဓာတ်ခွဲနမူနာတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှုအား တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း ပထမဆုံး တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ဖြစ်ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။