ရှန်ဟိုင်း ၊ မေ ၃၁ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြို့သည် COVID-19 အလုံးစုံအန္တရာယ် ထိန်းချုပ်ဟန့်တားရေး လုပ်ဆောင်ခဲ့ပြီးနောက်တွင် ဇွန် ၁ ရက်မှစတင်ကာ မြို့အနှံ့ ထုတ်လုပ်မှု နှင့် လူနေမှု ပုံမှန်အစီအစဉ်အား နဂိုမူလအတိုင်း အပြည့်အဝ ပြန်လည် နေထိုင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ယနေ့ မေ ၃၁ ရက်တွင်...
ဂျကာတာ၊ မေ ၃၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ သင်္ဘောနစ်မြုပ်သွားသောနေရာ၏ အရှေ့မြောက်ဘက် ရေမိုင် ၄၅ မိုင် (၈၃ ကီလိုမီတာခန့်) အထိ ရှာဖွေရေးနေရာကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက မေ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ မေ ၃၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Mustang ခရိုင်ရှိ ဝေးလံ၍ တောတောင်ထူထပ်သောနေရာ၌ နီပေါ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျရာနေရာ၌ ရုပ်အလောင်း ၂၁ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP) လွတ်လပ်သောကုန်သွယ်မှုစာချုပ်သည် ပွင့်လင်းသော ၊ အားလုံးပါဝင်သော ၊ စည်းမျဉ်းများစည်းကမ်း အခြေပြုသည့် ကုန်သွယ်ရေးစနစ်၏ အကောင်းဆုံး ဥပမာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ မေ ၃၀ ရက်(ဆင်ဟွာ) “နေ့အလင်းရောင်မရရှိခြင်း နှင့် ဆိုးရွားသောရာသီဥတုအခြေအနေများကြောင့်” လူပေါင်း ၂၂ ဦးလိုက်ပါသွားသော ပျောက်ဆုံးနေသည့် လေယာဉ်ငယ်တစ်စင်းရှာဖွေမှု လုပ်ငန်းအားလုံးကို နီပေါစစ်တပ်က ရပ်ဆိုင်းထားရကြောင်း စစ်တပ်က မေ ၂၉ ရက် ညပိုင်းတွင်ပြောကြားခဲ့သည်။
ဂျကာတာ ၊ မေ ၂၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း တောင်ဆူလာဝေဆီ ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်အတွင်း လူ ၄၂ ဦး လိုက်ပါလာသည့် သင်္ဘောတစ်စင်း နစ်မြှုပ်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူ ၂၅ ဦးအား ရှာဖွေကယ်ဆယ်ရေး ဆက်လက်ပြုလုပ်နေကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက မေ ၂၈ ရက်တွင်...
ဖနွမ်းပင် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ နှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံသည် အဓိကကူညီထောက်ပံ့သူဖြစ်ကြောင်း မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
စင်ကာပူ၊ မေ ၂၇ ရက် (ဆင်ဟွာ) အခွင့်အလမ်းနှင့် ဈေးကွက်များက တရုတ်နိုင်ငံတွင်ရှိရာ နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးမလုပ်၍မရသလို တရုတ်ရင်းနှီးမြုပ်နှံမှုများကို ကြိုဆိုရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက ဂျပန်နိုင်ငံ Nikkei သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့ကြောင်း စင်ကာပူ Lianhe Zaobao သတင်းစာ၏...
ဂျကာတာ၊ မေ ၂၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဘန်ဒေါင်းသို့ ဦးတည်ရာလမ်းအပိုင်းတွင် Box girders ၃၄၃ ခုကို သတ်မှတ်ချိန်ထက် ရက်သတ္တပတ်တစ်ပတ်အချိန်စော၍ မေ ၂၅ ရက်က အလုံးစုံတပ်ဆင်ပြီးစီးခဲ့ရာ မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ရေး၏ နောက်ထပ်အဓိကလုပ်ငန်းစဉ်အပိုင်း ပြီးမြောက်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း...
စင်္ကာပူ ၊ မေ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှ-ပစိဖိတ်ဒေသအတွက် အပေါင်းလက္ခဏာဆောင်ပြီး နိုင်ငံအများအပြားသအနေဖြင့် ၎င်းတို့၏ တိုးတက်မှုအတွက် ပေါ်ပေါက်လာသည့် အခွင့်အလမ်းများအား အကျိုးအမြတ်ရယူရန် မျှော်လင့်ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဂျပန် ၊ စင်္ကာပူ နိုင်ငံတို့အပါအဝင် အာရှရှိ နိုင်ငံတိုင်းနီးပါး၏...