ကူမင်း၊ ဗီယင်ကျန်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးမ ပူးပေါင်းဆောင်ရွက်မှု၏ မြင့်မားသောအရည်အသွေး၊ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော တရုတ်-လာအို ရထားလမ်းသည် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲပြီဖြစ်သည်။
တိုကျို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူဂျီတောင်အနီးတွင် အင်အား ရစ်(ခ်)တာစကေး ၄.၈အဆင့်ရှိ ငလျင်နှင့် ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၅.၄ အဆင့်ရှိသော ငလျင်များ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့ပြီးနောက် တစ်ပတ်အတွင်း ငလျင်လှုပ်ခတ်မှုများ...
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဝန်ကြီးချုပ် Phankham Viphavanh သည် တရုတ်-လာအို ရထားလမ်း အဆင်ပြေချောမွေ့စွာ လည်ပတ်ရေးအတွက် လာအိုရိုးရာဓလေ့ဆုတောင်းပွဲအခမ်းအနားသို့ ဒီဇင်ဘာ ၂ ရက်က တက်ရောက်ခဲ့ကြောင်း သိရသည်။ အရှည် ၁,၀၃၅ ကီလိုမီတာရှိသော တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ...
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဆမ်ဒက်တက်ချိုဟွန်ဆန်သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရာထူးမှ အနားယူနိုင်ဖွယ်ရှိနေရာ ၎င်းအား ဆက်ခံမည့် ဝန်ကြီးချုပ်လောင်းများထဲတွင် ၎င်း၏ သားကြီးဖြစ်သူ ဟွန်မနက်(Hun Manet) ကိုထည့်သွင်းလျာထားကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒါကာ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းတစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စီးပွားရေးမိတ်ဖက်များနှင့် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် ၄ ခုကို ဒီဇင်ဘာ ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၃ ရက်တွင် လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊သမ္မတ Thongloun Sisoulithနှင့်အတူ ဒီဇင်ဘာ ၃ ရက်တွင် ဗွီဒီယိုလင့်ခ်ဖြင့်တွေ့ဆုံ၍ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်မှုအား အတူ...
ပေကျင်း ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့မှ တပ်ဖွဲ့များသည် ဆေးဘက်ဆိုင်ရာပူးတွဲလေ့ကျင့်မှုတစ်ရပ်အား ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ တပ်မတော်တာဝန်ရှိသူများထံမှ သိရသည်။
ဆိုးလ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ COVID-19 လူနာ အရေအတွက် မြင့်မားနေချိန်တွင် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ ဦးအား ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) သည် ၎င်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန် ပါကစ္စတန်နိုင်ငံအတွက် သမိုင်းဝင် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု အစ္စလာမ်မာဘတ်မြို့ရှိ မဟာဗျူဟာလေ့လာရေးဌာန တရုတ်- ပါကစ္စတန်လေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူး Talat Shabbir က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဒါကာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) COVID-19 မျိုးဗီဇကွဲအသစ် ပြန့်နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဝင်ဘာ ၂၇ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။