ဂျကာတာ ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) COVID-19 ပိုးတွေ့ရှိမှုနှုန်း ၅ ရာခိုင်နှုန်းအောက် လျော့နည်းသည့် နိုင်ငံ ၁၉ နိုင်ငံမှ နိုင်ငံတကာခရီးသည်များအား အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခွင့်ပြုထားကြောင်း အင်ဒိုနီးရှား ရေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan က အောက်တိုဘာ...
ဟူးဟောက်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ နယ်စပ် Erenhot ကုန်တင်ကုန်ချစခန်း တွင် အင်္ဂါနေ့အထိ ယခုနှစ်အတွင်း ဖြတ်သန်းသွားသည့် တရုတ်-ဥရောပ ကုန်တင်ရထားအစီးရေ စုစုပေါင်း ၂,၁၀၃ စီးရှိရာ ပြီးခဲ့သည့်နှစ်ထက် ၁၆ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ဒေသဆိုင်ရာ ရထားအာဏာပိုင်များ၏ ပြောကြားချက်အရ...
မနီလာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း Kompasu တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၃ ဦးထိ မြင့်တက်လာပြီး အခြားလူ ၉ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဆန်နာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး David Gressly က ယီမင်နိုင်ငံသား ၅ သန်းသည် ဆိုးရွားသော သို့မဟုတ် ဆိုးရွားလုနီးပါး ငတ်မွတ်ခေါင်းပါးမှုဖြင့် ကြုံတွေ့နေရပြီး အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၄၀၀,၀၀၀ ခန့် မှာ အသက်အန္တရာယ်စိုးရိမ်စရာဖြစ်နေကြောင်း...
ပေကျင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဝမ်းယန်(Wang Yang) သည် ကမ္ဘောဒီးယားနိုင်ငံ ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Samdech Say Chhum နှင့် အောက်တိုဘာ ၁၂ ရက်တွင် ရုပ်သံလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်ကိုယ်စားလှယ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုအပြီး တာလီဘန်တို့က အောက်တိုဘာ ၁၂ ရက်တွင် ဥရောပသမဂ္ဂကိုယ်စားလှယ်များနှင့် ကာတာနိုင်ငံမြို့တော် ဒိုဟာတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သည်။
ခတ္တမန္ဒူ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း၌ အောက်တိုဘာ ၁၂ ရက်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ချောက်ကမ်းပါးတစ်ခုပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိကြောင်း ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တိုကျို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တိုကျိုမြို့အနီးတစ်ဝိုက်၌ အောက်တိုဘာ ၇ ရက်ညပိုင်းကအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာလူ ၃၂ ဦး ထိခိုက်ဒဏ်ရာရပြီး အောက်တိုဘာ ၈ ရက် နံနက်တွင် ရထားဝန်ဆောင်မှုများ ဆက်လက်ရပ်နားထားရကြောင်း နှင့် ခရီးသည် ၃၆၈,၀၀၀ ခန့် သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
အန်ကာရာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အယ်လ်ဂျားဇီးယားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစ်စီးသည် အောက်တိုဘာ ၇ ရက်တွင် ဗုံးသတိပေးချက်တစ်ခု ရရှိပြီးနောက် တူရကီနိုင်ငံ Trabzon ပြည်နယ်လေဆိပ်၌ အရေးပေါ်ဆင်းသက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မဟာပရာဒတ်ရှ်ပြည်နယ် မြို့တော် ဘိုပေါရှိ Van Vihar အမျိုးသားဥယျာဉ်တွင် တောရိုင်းတိရစ္ဆာန်ရက်သတ္တပတ်အတွင်း ကျောင်းသားများက ၎င်းတို့၏ မျက်နှာများတွင် တောရိုင်တိရစ္ဆာန်ပုံများဖြင့် ဆေးခြယ်ထားကြသည်ကို တွေ့ရသည်။